ပျော်စရာကောင်းတဲ့ Relationship ကိုရဖို့ဆိုတာ ကိုယ့်ရွေးချယ်မှုပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ဒါကြောင့် သေချာရွေးတတ်ဖို့တော့ လိုပါတယ်။ သင့်အနေနဲ့ ပျော်စရာကောင်းတဲ့ Relationship မျိုးကို လိုချင်ရင် ဒီလိုလူမျိုးတွေကိုရှောင်ကြဉ်ပါ။

လိမ်ညာတတ်တဲ့သူ

လိမ်ညာတတ်တဲ့သူနဲ့တွဲမိရင်တော့ ခဏခဏစိတ်တိုစရာ၊ စိတ်ရှုပ်စရာတွေနဲ့ ကြုံတွေ့ရပြီး စိတ်ပင်ပန်းရပါလိမ့်မယ်။ ဒီလိုလူမျိုးတွေက ပျော်စရာကောင်းတဲ့ Relationship ကို မပေးနိုင်ပါဘူး။

ဂရုမစိုက်အလေးမထားတတ်တဲ့သူ

ကိုယ်ကအစထဲက ဂရုစိုက်တာခံချင်တဲ့သူဆိုရင် ဂရုမစိုက်အလေးမထားတတ်တဲ့သူကို မရွေးပါနဲ့။ အစထဲက ဂရုမစိုက်အလေးမထားတတ်တဲ့သူက သင်ပြောလွန်းလို့ ဂရုစိုက်ပြရင်တောင် ခဏပဲရပါလိမ့်မယ်။ နောက်ကျရင် သူ့ပုံစံအတိုင်းပဲ ပြန်ဖြစ်သွားပါလိမ့်မယ်။

သစ္စာမရှိတဲ့သူ

သစ္စာမရှိတဲ့သူမျိုးနဲ့ တွဲဖို့နေနေသာသာ မပတ်သက်တာ အကောင်းဆုံးပါပဲ။ သစ္စာမရှိတဲ့သူနဲ့တွဲလို့ကတော့ ဘယ်တော့မှ စိတ်ချမ်းသာ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

အရမ်းသဝန်တိုလွန်းတဲ့သူ

ကိုယ်ချစ်သူကိုချစ်ရင် သဝန်တိုကြတာမှန်ပေမယ့် အရမ်းအစွန်းရောက် သဝန်တိုတာမျိုးလည်း ရှိပါတယ်။ ဒီလို အရမ်းသဝန်တိုတာမျိုးကျတော့ ခဏခဏရန်ဖြစ်စကားများတာ၊ ပြဿနာတတ်တာ၊ တစ်ဖက်လူက စိတ်ကုန်သွားတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ နှစ်ယောက်လုံးအတွက်လည်း ပူလောင်ပါတယ်။