မိန်းကလေးတွေရဲ့ အသုံးအဆောင်တွေထဲမှာဆိုရင် အိတ်ကလည်း မရှိမဖြစ်တဲ့အရာပါပဲနော်။ နေရာနဲ့ ဖက်ရှင်ပေါ်မူတည်ပြီး အမျိုးမျိုးကိုင်လို့ရအောင်၊ အမြဲတမ်းဖက်ရှင်ကျပြီး လှပနေအောင် မိန်းကလေးတိုင်းမှာရှိထားသင့်တဲ့ အိတ်အမျိုးအစားတွေကို ပြောပြပေးလိုက်ပါတယ်။
Shoulder Bag
မိန်းကလေးတိုင်းအတွက် ပထမဦးစားပေးအနေနဲ့ ဝယ်သင့်တဲ့အိတ်ဆိုရင်တော့ Shoulder Bag လေးပါပဲ။ အခုနောက်ပိုင်း Shoulder Bag တွေဆိုရင် Two ways လိုမျိုး ကြိုးအတိုအရှည်လုပ်ပြီး လွယ်လို့ရတော့ တော်တော်အဆင်ပြေပါတယ်။ ဘယ်လိုအဝတ်အစား၊ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ မြန်မာဝတ်စုံတွေနဲ့ဆိုလည်း အရမ်းကိုလိုက်ဖက်တဲ့အိတ်မျိုးပါ။
Crossbody Bag
ပေါ့ပေါ့ပါးပါးစတိုင်လ်မျိုးလေးတွေ ဝတ်တဲ့အခါမှာဆိုရင် Crossbody Bag က မရှိမဖြစ်ပါပဲ။ သက်တောင့်သက်သာနဲ့ ပေါ့ပါးတဲ့ပုံစံမျိုးလေး ဖြစ်စေပါတယ်။ ဒါကတော့ လူငယ်ကောင်မလေးတွေမှာ ပိုပြီးရှိသင့်တဲ့ အိတ်အမျိုးအစားပါ။ အသက် ၃၀ ကျော်လောက်ဆိုရင်တော့ ဒီအိတ်မျိုးက မရှိမဖြစ်လိုတဲ့ထဲ မပါတော့ဘူးပေါ့။
Micro Mini Bag
အခုနောက်ပိုင်းမှာဆိုရင် အိတ်ပိစိလေးဖြစ်တဲ့ Micro Mini Bag တွေက အရမ်းကို Trends ဖြစ်နေတာကြောင့် တစ်လုံးလောက်တော့ ရှိထားသင့်တယ်လို့ထင်ပါတယ်။ Brand ကိုင်မှ ဖက်ရှင်ကျတာ၊ လှတာမဟုတ်ပါဘူး။ စျေးပေါပေါလေးနဲ့ တစ်သောင်းတောင်မကျော်ပဲ ချစ်ဖို့ကောင်းတာလေးတွေလည်း အများကြီးရှိတာကြောင့် အိတ်ကိုအမျိုးမျိုးကိုင်ချင်တယ်၊ ဖက်ရှင်နဲ့လိုက်အောင် ကိုင်ချင်တယ်ဆိုရင်တော့ ဝယ်သင့်ပါတယ်။
Top Handle Bag
Top Handle Bag ကျတော့ အိတ်ကိုအမျိုးမျိုးကိုင်ချင်တဲ့သူတွေနဲ့ အသက် ၂၅ ကျော်တဲ့ မိန်းကလေးတွေ ဝယ်ထားသင့်ပါတယ်။ ဒီအိတ်မျိုးက တည်ငြိမ်တဲ့ဖက်ရှင်၊ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေနဲ့ဆိုရင် Standard ပိုရှိသွားစေတဲ့ပုံစံမျိုးလေး ဖြစ်သွားစေပါတယ်။
Tote Bag
Tote Bag ကျတော့ အသက်ကြီးကြီးငယ်ငယ် ရှိသင့်တဲ့အိတ်ထဲပါပါတယ်။ လူငယ်တွေဆိုလည်း ကျောင်းသွားရင် စာအုပ်တွေထည့်လို့ရတယ်။ ရုံသမားတွေနဲ့ အသက်ကြီးပိုင်းတွေဆိုလည်း အစုံထည့်လို့ရတယ်။ ခရီးသွားရင်လည်း ဒီအိတ်က လိုတာတွေအကုန် စုထည့်ထားလို့ရတာကြောင့် တော်တော်ကိုအသုံးဝင်စေတဲ့အိတ်ပါပဲ။
Backpack
Backpack ကျတော့ လူငယ်ကောင်မလေးတွေဆီမှာ ပိုပြီးရှိသင့်တဲ့အိတ်မျိုးပါ။ ကျောင်းသွား၊ သင်တန်းသွား ပေါ့ပေါ့ပါးပါးဖြစ်စေတယ်။ ခရီးသွားရင်လည်း ပေါ့ပေါ့ပါးပါးလွယ်လို့ရတယ်။ နောက်ဆုံး ကိုယ်ဝတ်ထားတဲ့ဖက်ရှင်လေးက Freestyle ဆိုရင် Backpack လေးလွယ်သွားလိုက်တာနဲ့ လုံးဝကို Cute Type လေး ဖြစ်သွားမှာပါ။