တချို့ကျတော့ ပြတ်သွားတာ ဘယ်လောက်ကြာကြာ မမေ့နိုင်ပဲနဲ့ ချစ်နေသေးတဲ့၊ ပြန်လာဖို့ကိုလည်း မျှော်လင့်နေသေးတဲ့ ရည်းစားဟောင်းဆိုတာ ရှိတတ်ကြပါတယ်။ ပြတ်သွားပြီးတာတောင် မမေ့နိုင်ပဲ မျှော်လင့်နေရင်တော့ ကိုယ်ပဲနာကျင်ရမှာပါ။ နှစ်ယောက်လုံးချစ်ရက်နဲ့ လမ်းခွဲခဲ့ကြတာဆိုရင်တော့ မျှော်လင့်လို့ရနိုင်ပေမယ့် ဒီလိုမျိုးရည်းစားဟောင်းတွေဆိုရင်တော့ ဆက်ပြီးမချစ်တော့ပဲ ဘဝထဲကနေ ထုတ်ပစ်လိုက်သင့်ပါတယ်။

ကိုယ့်အပေါ်သစ္စာဖောက်ခဲ့တဲ့သူ

ကိုယ့်အပေါ်မှာ သစ္စာဖောက်ခဲ့လို့ လမ်းခွဲလိုက်ရတဲ့ ရည်းစားဟောင်းကိုတော့ ဆက်ပြီးမချစ်သင့်တော့ပါဘူး။ တစ်ခါဖောက်ပြန်ဖူးတဲ့သူက ပြန်လာလည်း ထပ်ပြီးအဖောက်ပြန်ဘူးလို့ မပြောနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုသာ တကယ်ချစ်ခဲ့ရင် သစ္စာဖောက်စရာကိစ္စဆိုတာ ရှိခဲ့မှာမဟုတ်ပါဘူး။ ဒီလိုလူမျိုးကို ချစ်နေသေးရင်တောင်မှ စိတ်နာပြီး မေ့ပစ်ရမှာပါ။

ကိုယ့်ကိုအမြဲနာကျင်အောင်လုပ်ခဲ့တဲ့သူ

တွဲခဲ့တဲ့တစ်လျှောက်လုံး ကိုယ့်ကို အမြဲနာကျင်အောင် စိတ်ရောကိုယ်ပါ နာကျင်ခံစားပြီး ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ရည်းစားဟောင်းကို ချစ်နေသေးရင်တော့ ကိုယ့်လောက်မိုက်တဲ့သူ မရှိတော့ပါဘူး။ ဒီလိုလူမျိုးကို စွဲလမ်းနေရင်တော့ ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်တော့ပါဘူး။

ကိုယ့်ကိုမချစ်လို့ထားခဲ့တဲ့သူ

ကိုယ့်ကိုအချစ်တော့လို့၊ ကိုယ်နဲ့မတွဲချင်တော့လို့ဆိုပြီး ပြောပြီးထားခဲ့တဲ့သူကို မေ့လိုက်သင့်ပါပြီ။ ဒီလိုလူမျိုးကို ဆက်ချစ်နေပြီး မျှော်လင့်နေရင်လည်း ကိုယ်ပဲနာကျင်ခံစားရမှာပါ။ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးသလို ဖြစ်နေပါလိမ့်မယ်။

အသစ်ရသွားပြီဖြစ်တဲ့သူ

ကိုယ်နဲ့လမ်းခွဲပြီးနောက်ပိုင်းမှာ အသစ်ရသွားတဲ့ ရည်းစားဟောင်းကိုတော့ ဆက်မချစ်သင့်တော့သလို ဆက်ပြီးလည်း မမျှော်လင့်သင့်တော့ပါဘူး။ ကိုယ့်အပေါ်စိတ်မရှိတော့လို့ အသစ်တောင်ရသွားတဲ့သူဆီက ဘာမှမမျှော်လင့်ပါနဲ့တော့။ ကိုယ့်ပျော်ရွှင်မှုကို ရှာဖွေပြီး မေ့ပစ်လိုက်ပါတော့။ ကိုယ်လည်း ဘဝအသစ်၊ စိတ်အသစ်နဲ့နေပြီး သူ့ထက်သာတဲ့သူတွေနဲ့ တွဲနိုင်ပါတယ်။