ဘဝမှာ စိတ်ချမ်းသာချင်ရင် Toxic ဖြစ်စေတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ ကိုယ့်ကို စိတ်ဒုက္ခပေးနိုင်တာလည်း သူတို့ပါပဲ။ ဒီလို Toxic ဖြစ်စေတဲ့သူတွေနဲ့က မပေါင်းသင်းသင့်သလို ချစ်လည်းမချစ်သင့်ပါဘူး။

မကောင်းတာတွေပဲပြောတဲ့သူ

အမြဲတမ်း ဘယ်အရာကိုပဲဖြစ်ဖြစ် negative ဆန်တဲ့အတွေးတွေနဲ့ မကောင်းတာတွေပဲပြောနေရင် အဲ့ဒီသူနဲ့ ဝေးဝေးသာနေပါ။ အရာရာကို မကောင်းတဲ့ဘက်ကတွေး၊ မကောင်းတဲ့စိတ်နဲ့ပဲ ပြောဆိုနေတဲသူတွေက တကယ်ကို Toxic ဖြစ်စေပါတယ်။ သူတို့အနားနေရင် ကိုယ်ပဲစိတ်ပင်ပန်းရမှာပါ။

ကိုယ့်ကိုအမြဲလိုက် Blame နေတဲ့သူ

ကိုယ့်ကိုအမြဲ လိုက် Blame နေတဲ့သူ၊ ဘာပဲလုပ်လုပ် အပြစ်လိုက်ပြောနေတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ သူတို့ဆီက Blame ခံရတဲ့အခါ၊ ကဲ့ရဲ့ပြောဆိုတာ၊ အပြစ်တင်တာတွေ ခံရတဲ့အခါ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေဝင်လာပြီး စိတ်ညစ်ရပါလိမ့်မယ်။ ဒါကြောင့် ဒီလိုသူတွေနဲ့က မပေါင်းသင့်သလို ချစ်လည်းမချစ်သင့်ပါဘူး။

မနာလိုစိတ်ရှိတဲ့သူ

မနာလိုစိတ်ရှိတဲ့သူက ဘယ်လောက်ပဲ ကိုယ့်ကိုခင်ပါတယ်ပြောပြော သူတို့ထက်သာသွားရင်တော့ မနာလိုဖြစ်နေမှာပါပဲ။ တချို့ဆိုရင် အရမ်းခင်ပြနေပေမယ့် အတွင်းစိတ်ထဲမှာက ကြိတ်ပြိုင်နေတာ၊ ကြိတ်မနာလိုနေတာမျိုးတွေ ဖြစ်နေတာပါ။

အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့သူ

အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့သူတွေက သူတို့အတွက်ပဲ သူတို့ကြည့်တာပါ။ ကိုယ်ဘာပဲဖြစ်နေပါစေ ဂရုစိုက်မှာ မဟုတ်ပါဘူး။ သင့်ခံစားချက်တွေကိုလည်း ထည့်သွင်းပြီး စဉ်းစားပေးမှာ၊ စာနာပေးမှာ မဟုတ်ပါဘူး။ အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့သူတွေနဲ့က မပတ်သက်တာပဲ ကောင်းပါတယ်။

သင့်ကိုစိတ်ညစ်စေတဲ့သူ

သူငယ်ချင်းပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားပဲဖြစ်ဖြစ် ဒီလူက ကိုယ့်ကိုအမြဲ စိတ်ညစ်အောင်လုပ်နေတဲ့သူဆိုရင် ရှောင်နေတာကောင်းပါတယ်။ သူငယ်ချင်းဆိုလည်း မပေါင်းတာကောင်းပါတယ်။ ချစ်သူရည်းစားဆိုရင်တော့ သေချာပြန်စဉ်းစားပါ။ ကိုယ့်ကိုအမြဲစိတ်ညစ်အောင်လုပ်တဲ့သူနဲ့ ရေရှည်လက်တွဲဖို့က မဖြစ်နိုင်ပါဘူး။ ကိုယ်ပဲစိတ်ဆင်းရဲရမှာပါ။