ခြေသည်းပုံဖော်ရတာ ဝါသနာပါတဲ့သူတွေအတွက် အိမ်မှာပဲ ကိုယ်တိုင်အလွယ်တကူ ပုံဖော်လို့ရနိုင်တဲ့ ခြေသည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် ငွေအကုန်အကျသက်သာအောင် ဆိုင်မသွားပဲ အိမ်မှာပဲ ပုံဖော်တာက အသစ်အဆန်းဖြစ်စေသလို အပျင်းလည်းပြေစေပါတယ်။

အရောင်နုနုလေးတွေဆိုးပြီးတော့ ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ခြေမတစ်ချောင်းပဲ ပုံဖော်တာဆိုတော့ အညောင်းလည်း သက်သာတာပေါ့။

ဒီခြေသည်းဒီဇိုင်းလေးဆိုလည်း ချစ်ဖို့ကောင်းပါတယ်။ အသည်းပုံနဲ့ smile ပုံလေးပဲဆိုတော့ ကိုယ်တိုင်အလွယ်တကူ ပုံဖော်နိုင်မယ့် ဒီဇိုင်းလေးပါပဲ။

အသည်းပုံနဲ့ smile ပုံလေးကိုမှ နောက်ထပ်ဒီဇိုင်းတစ်မျိုးပါ။ ဒါလည်း အရမ်းချစ်ဖို့ကောင်းပြီး ပုံဖော်ရလွယ်ကူတဲ့ ခြေသည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ဖို့က ခြေသည်းနီအရောင်လှလှလေးတွေရှိရင် ရပါပြီ။ အရမ်းလွယ်ကူတဲ့ ဒီဇိုင်းလေးပါပဲ။

သေချာလေးပုံဖော်ကြည့်မယ်ဆိုရင် လွယ်ကူတဲ့ ခြေသည်းဒီဇိုင်းလေးပါပဲ။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

မျက်နှာပုံလေးဆွဲထားတာက ညီညာနေတာမျိုးမဟုတ်တဲ့အတွက် ကိုယ်တိုင်ဆွဲကြည့်လို့ အဆင်ပြေပါတယ်။ ပုံဖော်ရလွယ်ကူပြီး ချစ်ဖို့ကောင်းသလို ဒီဇိုင်းလေးကလည်း ဆန်းတာကြောင့် try ကြည့်သင့်ပါတယ်။

လူကြီးလူငယ် တော်တော်များများနဲ့လိုက်ဖက်တဲ့ ဒီခြေသည်းဒီဇိုင်းလေးကလည်း အရမ်းလှပါတယ်။ ပုံဖော်ရတာလည်း မခက်ခဲပါဘူး။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို ပုံဖော်ရတာလည်း လွယ်ကူတဲ့ နောက်ထပ် ခြေသည်းဒီဇိုင်းလေးပါ။

စုတ်တံလေးနဲ့ ခြစ်လိုက်ရုံနဲ့ရတဲ့ ခြေသည်းဒီဇိုင်းလေးပါ။ ပုံဖော်ရတာလွယ်ကူပြီး လှတဲ့ ဒီဇိုင်းဆန်းလေး ဖြစ်ပါတယ်။

ဒီဇိုင်းဆွဲပြီး ပုံဖော်တာမျိုး မလုပ်ချင်တဲ့အခါမှာတော့ ဒီလိုအရောင်စုံလေးသာ ဆိုးလိုက်ပါ။ Fancy ဆန်ပြီး လူငယ်ဆန်ဆန်နဲ့ လှတာပါပဲ။