လူတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်အရမ်းရှုပ်ရတဲ့အချိန်ဆိုတာ ရှိတတ်ပါတယ်။ ဒီအချိန်မှာ ဘာလုပ်လုပ် စိတ်တိုပြီး ဒေါသထွက်မယ်၊ အမှားတွေလုပ်တတ်ကြပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အရမ်းစိတ်ရှုပ်နေချိန်မှာ ပြန်ပြီးစိတ်ကြည်လင်သွားအောင် လုပ်နိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

အပြင်ခဏထွက်ပြီးလမ်းလျှောက်လိုက်ပါ

စိတ်အရမ်းရှုပ်လာပြီဆိုရင် ချက်ချင်း အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူကာ လမ်းလျှောက်လိုက်ပါ။ နည်းနည်းလောက်ပဲဖြစ်ဖြစ် စိတ်ကြည်လင်ပြီး လန်းဆန်းသွားစေပါတယ်။

ရေတစ်ခွက်သောက်ပါ

စိတ်ရှုပ်လာရင် အရင်ဆုံး ရေတစ်ခွက်သောက်ပြီး ဒေါသတွေကို ဖြေလျော့ပါ။ အသက်ပြင်းပြင်းရှူပါ။

ကိုယ်စားချင်တဲ့အရာတစ်ခုခုကိုစားပါ

ကိုယ်စားချင်တဲ့အရာတစ်ခုခုကို စားရပြီဆိုရင် လူတိုင်းက စိတ်ပျော်နေတတ်ပါတယ်။ ဒါကြောင့် အစားသမားဆိုရင် ဘာမှစဉ်းစားမနေပဲ ကိုယ်စားချင်တာတွေသာ စားလိုက်ပါ။

သီချင်းနားထောင်ပါ

တိတ်ဆိတ်တဲ့နေရာမှာ နားကျပ်လေးတပ် သီချင်းနားထောင်ပြီး မျက်လုံးမှိတ်နေပါ။ စိတ်တည်ငြိမ်ပြီး အာရုံပြောင်းသွားမှာဖြစ်လို့ စိတ်ရှုပ်နေတာတွေလည်း ပျောက်သွားပါလိမ့်မယ်။

တရားထိုင်ပါ

အရမ်းစိတ်ရှုပ်နေချိန်မှာ စိတ်အရမ်းတည်ငြိမ်သွားချင်တယ်၊ အာရုံတွေလည်း စုစည်းချင်တယ်ဆိုရင် ဘာမှမလုပ်ပါနဲ့ တရားသာထိုင်ပါ။ တိတ်ဆိတ်တဲ့နေရာ၊ လေကောင်းလေသန့်ရတဲ့နေရာမှာ တရားထိုင်ပါ။

photo source: www.freepik.com