မျက်နှာပေါ်မှာ အညိုရောင်အကွက်တွေ ဖြစ်နေတာမျိုးက မိတ်ကပ်ထူထူလိမ်းမှသာ ဖုံးနိုင်ပါတယ်။ အထူးသဖြင့် ပါးနှစ်ဖက်မှာ ပိုပြီးအဖြစ်များပါတယ်။ ဒါကြောင့် မျက်နှာပေါ်က အညိုရောင်အကွက်တွေကို သက်သာအောင်လုပ်ပေးနိုင်မယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ့်မျက်နှာအသားအရေမှာ ဒီလိုအညိုရောင်အကွက်တွေ ဖြစ်နေရင်တော့ ဒီနည်းလမ်းတွေကို try ကြည့်သင့်ပါတယ်။

ကြက်သွန်နီ

အရင်ဆုံး ကြက်သွန်နီကို အတုံးသေးသေးလေးတွေလှီးပြီး tea bag အသန့်တစ်ခုထဲထည့်ပါ။ ပြီးရင်တော့ အဲ့ဒီ tea bag လေးနဲ့ မျက်နှာပေါ်က အညိုကွက်တွေကို လိုက်ပွတ်ပေးပါ။ သေချာနှံ့အောင်ပွတ်ပြီးရင် ၁၀ မိနစ်ထားပြီး မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် ၃ ရက် တစ်ခါ ပုံမှန်လုပ်ပေးရပါမယ်။

နွားနို့ (သို့) ဒိန်ချဉ်

နွားနို့ (သို့) ဒိန်ချဉ်ကို ဂွမ်းလုံးလေးနဲ့တို့ယူပြီး အညိုကွက်တွေပေါ်ပွတ်ပေးပါ။ သေချာနှံ့အောင်ပွတ်ပြီးရင် မိနစ်အနည်းငယ်ထားပြီး မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ မနက် တစ်ကြိမ်၊ ည တစ်ကြိမ် နေ့တိုင်း ပုံမှန်လုပ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ခရင်မ် (သို့) ရှားစောင်းလက်ပတ်ဂျယ်လ်ကို နေ့တိုင်း ပုံမှန်စွဲလိမ်းပေးသွားရင်လည်း မျက်နှာပေါ်က အညိုရောင်အကွက်တွေက တစ်ဖြေးဖြေးနဲ့ သက်သာလာပါတယ်။ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ လုပ်ပေးဖို့တော့ လိုပါတယ်။

Apple cider vinegar

Apple cider vinegar နဲ့ ရေသန့်နဲ့ကို ဆတူရောပြီး အညိုရောင်အကွက်တွေပေါ်မှာ လိမ်းပေးရပါမယ်။ ပြီးရင်တော့ ၂ မိနစ်လောက်ပဲထားပြီး ရေကြက်သီးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် တစ်နေ့ကို နှစ်ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။

SPF 30 အထက်ရှိတဲ့ Sunscreen

မျက်နှာပေါ်က အညိုရောင်အကွက်တွေ သက်သာလာဖို့နဲ့ ထပ်မများလာစေဖို့အတွက် SPF 30 အထက်ရှိတဲ့ Sunscreen ကို ညဘက်ကလွဲလို့ နေ့တိုင်းလိမ်းပေးရပါမယ်။

source:www.brightside.me