တော်တော်များများက လူတစ်ယောက်ကိုကြည့်ပြီဆိုရင် ခြေချောင်းလေးတွေ၊ ခြေထောက်လေးတွေကို ဦးစားပေးပြီး ကြည့်ဖြစ်ကြပါတယ်။ ခြေချောင်းလေးတွေ၊ ခြေထောက်လေးတွေက ဖြူပြီး သန့်နေရင်၊ လှနေရင် ဆွဲဆောင်မှုတစ်ခုပါပဲ။ အထူးသဖြင့် မိန်းကလေးတော်တော်များများက ခြေထောက်လေးတွေ ဖြူချင်ကြတယ်။ မဖြူရင်တောင် မဲမဲညစ်ညစ်ကြီးမဟုတ်ပဲ သန့်ပြီးကြည်နေတာမျိုးလေးကို လိုချင်ကြပါတယ်။ ဒါကြောင့်လည်း အရင်ထက် ခြေထောက်လေးတွေ ဖြူပြီး လှလာစေဖို့ ပုံမှန်လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ရေချိုးတိုင်းမှာ ခြေထောက်တိုက်တဲ့ Brush နဲ့ ခြေထောက်ကို သေချာတိုက်ပေးပါ။ တစ်ရက်မှ မပျက်မကွက်တိုက်ပေးရမှာပါနော်။

ရေချိုးပြီးတိုင်းမှာ Lotion ကို လက်တွေတင်မဟုတ်ပဲ၊ ခြေထောက်တွေ၊ ခြေချောင်းလေးတွေကအစ သေချာလိမ်းပေးပါ။ ရေချိုးပြီး Lotion လိမ်းပြီး အပြင်ထွက်မယ်ဆိုရင်လည်း ညအိပ်ခါနီးကျရင် ခြေထောက်ကို သေချာ ဆပ်ပြာနဲ့ဆေးပြီး Lotion ပြန်လိမ်းပါ။

၅ ရက်တစ်ခါ (သို့့) တစ်ပတ်တစ်ခါ Scrub လုပ်ပေးပါ။ ခြေထောက်လေးတွွေကိုပါ သေချာ Scrub တိုက်ပြီး Lotion သေချာ ပြန်လိမ်းပါ။

ဒီ ၃ မျိုးကို သေချာလုပ်ပေးရင် ၃ လလောက်ဆို ခြေထောက်တွေ၊ ခြေချောင်းလေးတွေက အရင်ထက်ပိုဖြူပြီး ကြည်လာတာကို တွေ့ရပါလိမ့်မယ်။ ဖိနပ်သဲကြိုးရာတွေပါ သိသိသာသာလျော့လာပါလိမ့်မယ်။

ပိုပြီးဖြူတာမြန်ချင်တယ်ဆိုရင်တော့ ဆိုင်မှာ ခြေထောက် Cleansing ကို ၂ ပတ် တစ်ခါ (သို့) တစ်ပတ် တစ်ခါ သွားလုပ်ပေးပါ။

ခြေသည်းကို သေချာပုံသွင်းပြီး သန့်စင်ပေးပါ။ ၂ ပတ် တစ်ခါလောက် လုပ်ပေးပါ။

ခြေသည်းနီဆိုးရတာကြိုက်ရင် ခြေသည်းနီလှလှလေးတွေဆိုးပြီး တစ်ပတ်မှာ တစ်ရက်တော့ ဘာမှမဆိုးပဲ ဒီတိုင်းထားပေးပါ။ အမြဲဆိုးထားရင်ကျတော့ ခြေသည်းတွေက အရမ်းဝါလာတာမျိုး ဖြစ်လာပါတယ်။