အကြောင်းအမျိုးမျိုး ကိုယ်ချစ်တဲ့သူနဲ့ ဝေးရဖို့ဖြစ်လာတဲ့အခါမှာ မေ့နိုင်ဖို့လိုပါတယ်။ မမေ့နိုင်ရင် ကိုယ်ပဲနာကျင်ခံစားရပါလိမ့်မယ်။ ဒါကြောင့် သင်ချစ်တဲ့သူကို မေ့နိုင်သွားစေဖို့အတွက် ဒီအရာတွေက ကူညီပေးပါလိမ့်မယ်။

အမှတ်တရတွေကိုဖယ်ထုတ်ပါ

ကိုယ်ချစ်တဲ့သူကိုမေ့ချင်တယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက အမှတ်တရတွေကိုဖယ်ထုတ်ရမှာပါ။ သူနဲ့ပတ်သတ်တဲ့အမှတ်တရတွေ ဘာမှမရှိတော့အောင်ကို ဖယ်ထုတ်ရပါမယ်။ ဓာတ်ပုံတွေဆိုလည်း သူပါနေတဲ့ပုံကအစဖျက်ပစ်ပါ။ ဒါတွေမြင်တိုင်း ပြန်သတိရနေမှာမို့ မဖျက်ရင် အဆင်မပြေပါဘူး။

ဆိုးဝါးတဲ့အချိန်တွေကိုပြန်တွေးပါ

တော်တော်များများက ပြန်တွေးပြီဆိုရင် အမှတ်တရဖြစ်ခဲ့တာတွေ၊ ပျော်ရွှင်ကြည်နူးခဲ့တာတွေကိုပဲ ပြန်တွေးတတ်ကြပါတယ်။ ဒါတွေကိုပြန်တွေးနေရင်တော့ ဆက်ပြီးလွမ်းနေအုံးမှာပါပဲ။ ဒါကြောင့် တစ်ခါထဲမေ့နိုင်သွားအောင် ဆိုးဝါးတဲ့အချိန်တွေကိုပဲ ပြန်တွေးပါ။ နာစရာတွေကိုပဲတွေးပြီး နာပါ။ ဒါမှစိတ်နာပြီး မေ့ပစ်နိုင်မှာပါ။

သူငယ်ချင်းတွေနဲ့များများတွေ့ပါ

တစ်ယောက်ထဲနေရင် အတွေးတွေများပြီး ဝမ်းနည်းမယ်၊ ပိုလွမ်းလာပြီး မမေ့နိုင်ဖြစ်လာပါမယ်။ ဒါကြောင့် မေ့မေ့ပျောက်ပျောက်ထားရင်းနဲ့ တစ်ယောက်ထဲလည်းနေပျော်ပြီး မေ့နိုင်သွားအောင် သူငယ်ချင်းတွေနဲ့ များများတွေ့ပြီး အပြင်သွားပါ။ ပျော်ပါးပါ။

Exercise လုပ်တဲ့အချိန်ထားပါ

Exercise လုပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေသလို စိတ်ညစ်နွမ်းတာတွေ၊ စိတ်ညစ်စရာတွေလည်း ပြေပျောက်စေပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာမှာ Exercise လုပ်တဲ့အချိန်ကို ထည့်ထားဖို့လိုပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကိုလုပ်ကြည့်ပါ

ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကို သေချာ focus ထားပြီး စိတ်နှစ်ပြီးလုပ်ကြည့်ပါ။ ကိုယ်စိတ်ဝင်စားတာလုပ်ရတဲ့အတွက် စိတ်ပျော်ရွှင်ကြည်နူးရမယ်။ အဲ့ထဲကိုစိတ်နှစ်ထားတဲ့အတွက် တခြားအရာတွေကိုလည်း အချိန်ပေးတာလျော့လာမယ်။ ဘယ်လောက်ပဲချစ်ခဲ့ပါစေ ကိုယ်သာအဲ့အကြောင်းတွေ မတွေးဖြစ်ရင် တစ်ဖြေးဖြေးချင်းစီ မေ့နိုင်သွားပါလိမ့်မယ်။