တချို့ အရမ်းအသားခြောက်တဲ့သူတွေဆိုရင် lotion ပုံမှန်လိမ်းတာတောင်မှ အသားအရေက မွဲခြောက်နေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် lotion ပုံမှန်လိမ်းနေတာတောင်မှ အသားခြောက်နေတယ်ဆိုတဲ့သူတွေအတွက် အသားအရေ စိုစိုပြည်ပြည်လေးဖြစ်ပြီး ကြည်လာအောင် လုပ်ကြည့်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ရေနွေးနဲ့ရေမချိုးပါနဲ့

ရေနွေးနဲ့ရေချိုးရင် ပိုပြီးအသားခြောက်ပါတယ်။ အသားအရမ်းခြောက်တဲ့သူတွေဆိုရင် အသားပတ်သလိုမျိုးတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေနွေးနဲ့ရေချိုးတာကို ရှောင်ဖို့လိုပါတယ်။

ဆပ်ပြာခဲမသုံးပါနဲ့

ဆပ်ပြာခဲတွေက ပိုပြီးအသားခြောက်စေပါတယ်။ ဒါကြောင့် body wash ကို မှ moisturizing effect ရစေတာမျိုးကို ပြောင်းသုံးပေးပါ။ ဒါဆိုရင်တော့ ရေချိုးပြီးလည်း အသားခြောက်တာမျိုးမဖြစ်ပဲ အသားစိုစိုအိအိလေး ဖြစ်နေမှာပါ။

Lotion အထပ်ထပ်လိမ်းပါ

ရေချိုးပြီးတာနဲ့ ချက်ချင်း lotion တန်းလိမ်းပါ။ Lotion လိမ်းတဲ့အခါမှာ တစ်ထပ်ထဲမလိမ်းပါနဲ့။ တစ်ထပ်လိမ်းပြီးရင် နောက်တစ်ထပ် ထပ်လိမ်းပါ။ ညအိပ်ယာဝင်ခါနီးရင် နောက်တစ်ခေါက် ထပ်လိမ်းပါ။ ဒီလိုပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ အသားခြောက်တာသက်သာပြီး အသားအရေက သိသိသာသာကို စိုလာပါလိမ့်မယ်။

Body Butter ပြောင်းသုံးကြည့်ပါ

Body lotion လိမ်းတာတောင်မှ အသားက အရမ်းခြောက်နေတယ်ဆိုရင် body butter ပြောင်းသုံးကြည့်ပါ။ Body butter တွေက ပိုပြီးတော့ moisturizing effect ရစေပါတယ်။ Body butter လိမ်းမယ်ဆိုရင် များများလေး တစ်ခါပဲလိမ်းပါ။ ညအိပ်ယာဝင်ခါနီးမှာ နောက်တစ်ခေါက်ထပ်လိမ်းပါ။

Scrub ကို တစ်ပတ်တစ်ကြိမ်ပဲလုပ်ပါ

အသားအရေကြည်လင်စေဖို့အတွက် body scrub ကတော့ လုပ်ရမှာပါပဲ။ Body scrub ကို တစ်ပတ် ၂ ကြိမ်လောက် လုပ်လို့ရတယ်ဆိုပေမယ့် အသားအရမ်းခြောက်တဲ့သူတွေကျတော့ တစ်ပတ်မှာ တစ်ခါပဲလုပ်တာကောင်းပါတယ်။