ကိုယ်က ကွန်ပြူတာနဲ့အလုပ်လုပ်တဲ့အချိန်၊ ကွန်ပြူတာကြည့်ပြီး သုံးရတဲ့အချိန်တွေမှာ ခေါင်းကိုက်တတ်တယ်ဆိုရင် ဒါလေးတွေကို သိထားသင့်ပါတယ်။ ဒါမှလည်း ဆင်ခြင်သင့်တာရှိရင် ဆင်ခြင်လို့ရမှာပါ။

ကွန်ပြူတာသုံးတော့မယ်ဆိုရင် ထိုင်ပုံထိုင်နည်းကလည်း အရေးကြီးပါတယ်။ ခြေထောက်ကြီးချိတ်ထိုင်တာ၊ ကုန်းကုန်းကြီးထိုင်နေတာမျိုးဆို ဇာတ်ကြောတက်၊ ခေါင်းကိုက်စေပါတယ်။ ဒါကြောင့် ခါးကိုမတ်ပြီးထိုင်ပါ။ ကွန်ပြူတာ Screen နဲ့ အရမ်းနီးပြီးမကြည့်ပါနဲ့။

ကွန်ပြူတာနဲ့အလုပ်လုပ်တဲ့အခါမှာ ခေါင်းကိုက်တာမျိုးမဖြစ်အောင် ၁၅ မိနစ် အနားပေးပါ။ ၂ နာရီတစ်ခါ ၁၅ မိနစ်နားတာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။

ကွန်ပြူတာ Screen ကို အလင်းအရမ်းတင်ထားရင် ကြာကြာကြည့်တဲ့အခါမှာ မျက်ရိုးတွေကိုက်ပြီး ခေါင်းကိုက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကွန်ပြူတာက အလင်းကိုလျှော့ပြီး သုံးကြည့်လိုက်ပါ။

ကွန်ပြူတာသုံးတဲ့အချိန်မှာခေါင်းကိုက်တတ်ရင် အနံ့ပြင်းတဲ့ရေမွှေးတွေ မသုံးပါနဲ့။ ကွန်ပြူတာကိုအာရုံစိုက်တာများလို့ ဇာတ်ကြောတွေတက်ပြီး ခေါင်းနောက်နေချိန်မှာ Aircon ဖွင့်ထားမိရင် လေနဲ့အနံ့က ပိုပြီးထွက်လာနိုင်တဲ့အတွက် အနံ့စူးတာတွေဆိုရင် စိတ်ပိုရှုပ်ပြီး ခေါင်းကိုက်စေပါတယ်။ အကောင်းဆုံးကတော့ ဒီလိုခေါင်းကိုက်တတ်ရင် ပရုပ်ဆီတွေ၊ ရှူဆေးတွေ ဆောင်ထားသင့်ပါတယ်။

ကွန်ပြူတာသုံးနေတဲ့အချိန်မှာ ပီကေနဲ့ စေးကပ်ပြီးမာတဲ့အရာတွေကို မစားပါနဲ့။ ဒီအရာတွေကိုဝါးရင် မေးရိုးအရမ်းလှုပ်ရှားရတဲ့အတွက် ခေါင်းပိုကိုက်စေပါတယ်။

ကွန်ပြူတာသုံးနေတဲ့အချိန်မှာ ဆံပင်စည်းထားတာမျိုး၊ ဆံပင်ကိုတင်းကြပ်နေအောင်စုထားတာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ခဏလေးနဲ့ ခေါင်းကိုက်စေပါတယ်။

Source:www.brightside.me