မိန်းကလေးတိုင်းကတော့ ကိုရီးယားမလေးတွေလို လှပတဲ့မျက်နှာအသားအရေလေးကို လိုချင်ကြတာပါပဲ။ ဒီလိုအသားအရေမျိုးရဖို့ဆိုတာလည်း အဓိကကတော့ မျက်နှာလေး Hydrating ဖြစ်ပြီး ရေဓာတ်ပြည့်နေဖို့ပါပဲ။ မျက်နှာအသားအရေလှချင်ရင် Glow ဖို့၊ ဖြူဖို့ထက် ရေဓာတ်ပြည့်ဝတဲ့ Skin မျိုးရအောင် အရင်လုပ်ရပါမယ်။ ဒါဆိုရင် ရေဓာတ်ပြည့်ဝတဲ့ မျက်နှာအသားအရေလေးကို ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့အချက်တွေက ဘာတွေဖြစ်မလဲ?

ရေများများသောက်ပါ

ရေများများသောက်ရင် အသားအရေလှပြီး စိုပြည်ပါတယ်။ မျက်နှာအသားအရေတင်မကဘူး ခန္ဓာကိုယ်အသားအရေလှဖို့အတွက်လည်း ရေများများသောက်ပေးဖို့လိုပါတယ်။

Cleansing သေချာလုပ်ပါ

မျက်နှာကို တော်တော်များများလုပ်သလို မျက်နှာသစ်ဆေးနဲ့ တန်းသစ်တာမျိုးမလုပ်ပါနဲ့။ ကိုယ်က မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းဘူးဖြစ်စေ အရင်ဆုံး Makeup Remover နဲ့ မျက်နှာကို အရင်ဖျက်ပါ။ ပြီးမှ မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ။

Skincare သေချာလုပ်ပါ

ရေဓာတ်ပြည့်ဝပြီး ကြည်လင်လှပတဲ့ မျက်နှာအသားအရေမျိုးလိုချင်ရင် Skincare ကို သေချာလုပ်ရပါမယ်။ ဘာတွေလိမ်းပေးဖို့ လိုအပ်လဲဆိုရင်တော့ Hydrating Toner, Essence (or) Serum, Moisturizer စတာကို လိမ်းပေးဖို့လိုပါတယ်။ Essence နဲ့ Serum ကို နှစ်မျိုးလုံးလိမ်းလို့လည်းပါတယ်။ မလိမ်းချင်တဲ့သူတွေကတော့ နှစ်မျိုးထဲက တစ်မျိုးကိုတော့ လိမ်းပေးဖို့လိုပါတယ်။

Exfoliate ပုံမှန်လုပ်ပါ

တစ်ပတ်တစ်ခါ Exfoliate ပုံမှန်လုပ်ပေးမှ အသားအရေက ပိုကောင်းလာမှာပါ။ Exfoliate မလုပ်ပဲ Skincare တွေလိမ်းနေလို့လည်း အလကားပါပဲ။ Exfoliate လုပ်ပေးမှ ဆဲလ်သေနဲ့ အညစ်အကြေးတွေ ဖယ်ရှားပြီး ဆဲလ်အသစ်တွေ ဖြစ်လာမယ်။ ကိုယ်လိမ်းမယ့် Skincare တွေကိုလည်း Skin က အပြည့်အဝစုပ်ယူနိုင်မှာပါ။

Sheet Mask ကပ်ပါ

၃ ရက် တစ်ခါ Sheet Mask ကပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ၃ ရက် တစ်ခါမကပ်နိုင်ရင် တစ်ပတ် တစ်ခါတော့ ပုံမှန်ကပ်ပေးပါ။ အသားအရေလှဖို့၊ ရေဓာတ်ပြည့်ပြီး ကြည်လင်ဖို့၊ Glow Skin, Glass Skin ရဖို့ဆိုရင် Sheet Mask ကပ်ပေးရပါမယ်။

Sunscreen အမြဲလိမ်းပါ

နောက်ဆုံးအနေနဲ့ အသားအရေထိခိုက်ပျက်စီးတာမျိုး မဖြစ်ချင်ရင် Sunscreen အမြဲလိမ်းပါ။ အပြင်သွားမှလိမ်းတာမျိုးမလုပ်ပဲ၊ အိမ်မှာနေလည်းလိမ်းပေးပါ။

Photo Source: www.freepik.com