အခုနောက်ပိုင်းအများစုက ညဘက်ဆိုရင် တော်ရုံနဲ့အိပ်မပျော်တတ်ကြပါဘူး။ အဓိကကတော့ Facebook သုံးတာတွေ၊ Game ဆော့တာတွေကြောင့်ပါပဲ။ တစ်ရက်အိပ်မပျော်တာကို ကြိုးစားမအိပ်ပဲ အကျင့်လုပ်ပြီး ဖုန်းဆက်သုံးတာတွေ၊ ဂိမ်းဆက်ဆော့တာတွေကြောင့် ညဘက်ဆို တော်ရုံနဲ့အိပ်မပျော်တာဟာ အကျင့်ကြီးတစ်ခုလိုဖြစ်လာပါတယ်။ ဒါတွေကိုပြင်နိုင်ဖို့၊ ညဘက်မှာ တော်ရုံနဲ့ အိပ်မပျော်တတ်တဲ့ အကျင့်ကိုပြင်နိုင်ဖို့ ပြုလုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အရေးအကြီးဆုံးကတော့ အိပ်စက်ချိန်နဲ့ နိုးထချိန်ကို သတ်မှတ်ထားဖို့ပါ။ ညဘက် ၁၀ နာရီအိပ်မယ်ဆိုရင် မနက် ၆ နာရီထပါ။ နေ့တိုင်းအချိန်မှန်အိပ်ပြီး အချိန်မှန်ထပေးပါ။ တော်တော်များများက ပိတ်ရက်ဆိုရင် နောက်ကျမှအိပ်ပြီး မနက်ဆိုလည်းနောက်ကျမှထကြတယ်။ ဒီလိုမလုပ်ပါပဲ အမြဲတမ်းအိပ်စက်ချိန်၊ နိုးထချိန်ကို အချိန်မှန်မှန်လေးလုပ်ထားပေးရင် ပိုကောင်းပါတယ်။

Source: www.thelist.com

အိပ်ခါနီးမှာ ရေများများမသောက်ပါနဲ့။ ရေများများသောက်ရင် ခဏခဏအပေါ့သွားချင်တဲ့အတွက် အိပ်စက်ခြင်းကို အနှောက်အယှက်ပေးပါတယ်။ ကော်ဖီကို ညနေ ၅ နာရီကစပြီး လုံးဝမသောက်ပါနဲ့။ အိပ်ခါနီးမှာ အစာစားတဲ့အကျင့်ကိုလည်း ရှောင်ပေးပါ။ အိပ်ခါနီးမှာ နွားနို့ပူပူလေးတစ်ခွက် ပုံမှန်သောက်ပေးရင် ကောင်းကောင်းအိပ်ပျော်ပါတယ်။ အစားအသောက်တွေစားတဲ့အခါမှာလည်း အသီးအရွက်တွေကိုသာ အဓိကထားပြီးစားသုံးပေးပါ။

Source: www.thelist.com

ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်တာ စိတ်ဖိစီးမှုတွေ၊ Stress တွေရှိနေလို့လည်း ပါပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ Stress တွေလျော့ကျသွားအောင် အိပ်ခါနီးမှာတရားထိုင်ပေးပါ။ တရားထိုင်တာက စိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့အပြင် ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ Yoga ကျင့်ပေးတာလည်း အရမ်းကောင်းပါတယ်။ တရားထိုင်တာနဲ့ Yoga ကျင့်တာဟာ စိတ်ဖိစီးမှုတွေ Stress တွေကို လျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

Source: www.globalhealthz.com

နေ့ခင်းဘက်မှာအိပ်တာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ကို အနှောက်အယှက်ပေးပါတယ်။ ဒါကြောင့် ညဘက်မှာကောင်းကောင်းအိပ်ပျော်ချင်ရင် နေ့ခင်းဘက်မအိပ်ပါနဲ့။ ညအိပ်ခါနီး တစ်နာရီအလို (သို့) နှစ်နာရီအလိုလောက်ကစပြီး ဖုန်းလုံးဝမသုံးပါနဲ့။ ကွန်ပြူတာနဲ့ တီဗီလည်းမကြည့်ပါနဲ့။ ပျင်းနေရင် Yoga ကျင့်၊ တရားထိုင်၊ စာအုပ်လေးဖတ်နေပါ။

Source: www.drmayankshukla.com

အိပ်စက်တဲ့အခါမှာလည်း အိပ်ယာနဲ့ အိပ်ခန်းကို သပ်ရပ်သန့်ရှင်းပြီး အနံ့အသက်ကောင်းအောင် ဂရုစိုက်ပေးပါ။ အိပ်ခန်းနဲ့ အိပ်ယာက အနံ့အသက်တွေမကောင်းပဲ ညစ်ပတ်နေရင် အိပ်စက်ခြင်းကို အရမ်းအနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ခန်းက အလင်းရောင်တွေအားလုံးကိုလည်း ပိတ်ထားဖို့လိုပါတယ်။ မီးပိတ်ပြီးမအိပ်တတ်တဲ့သူဆိုရင် မီးမှိန်မှိန်လေးထွန်းပြီး Eye Cover တပ်အိပ်ပါ။ ကိုယ်အိပ်မယ့်အခန်းက တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းနေဖို့ လိုပါတယ်။

Source: www.dusuneninsanlaricin.com