လူတစ်ယောက်မှာ ကျန်းမာရေးအတွက်ရော၊ အလှအပရေးအရာအတွက်ပါ သွားကအရေးကြီးပါတယ်။ သွားလေးတွေလှပနေမှ ပြုံးရယ်လိုက်တိုင်းမှာလည်း လှပနေပါမယ်။ ဒါကြောင့် ကိုယ့်ရဲ့သွားတွေ perfect ဖြစ်ပြီးလှပနေဖို့အတွက် နေ့စဉ်လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

နာနတ်သီးစားပါ

နာနတ်သီးစားပေးတာက သွားဝါညစ်ပြီး စွန်းထင်းတာတွေ ပျောက်စေလို့ သွားတွေ သန့်ရှင်းဖြူစင်လာစေပါတယ်။ သွားနာတာ၊ ကိုက်တာလည်း သက်သာစေပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်ထဲ နို့ထည့်သောက်ပါ

ကော်ဖီတွေ၊ လက်ဖက်ရည်တွေက သွားဝါညစ် စွန်းထင်းစေပါတယ်။ ဒါကြောင့် သောက်မယ်ဆိုရင် နွားနို့လေးထည့်သောက်ပေးပါ။

ပီကေဝါးပါ၊ ပလုတ်ကျင်းပါ

အစာစားပြီးတိုင်းမှာ ပီကေဝါးပေးတာက ခံတွင်းအနံ့ဆိုးထွက်တာကို တားဆီးပေးပါတယ်။ အစားစားပြီးတိုင်း ပလုတ်ကျင်းပေးတာကတော့ သွားကြားထဲက အစာအကြွင်းအကျန်တွေကို သန့်စင်ပေးတဲ့အတွက် သွားကိုက်တာ၊ သွားပိုးစားတာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။

တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ

တစ်နေ့ ၂ ကြိမ် သွားတိုက်ဖို့က အရမ်းအရေးကြီးပါတယ်။ တော်တော်များများက မနက်ပိုင်းတိုက်ပြီး ညဘက် အိပ်ယာဝင်ခါနီးကို မတိုက်ကြပါဘူး။ သွားလေးတွေ လှပချင်တယ်ဆိုရင်တော့ တစ်နေ့ ၂ ကြိမ် သွားတိုက်ရပါမယ်။

ကြမ်းတမ်းစွာသွားမတိုက်ပါနဲ့

သွားတိုက်တဲ့အခါမှာလည်း ကြမ်းတမ်းစွာ မတိုက်ပါနဲ့။ သွားပဲ့ထွက်တာ၊ သွားပျက်စီးတာ၊ သွားဖုံးနာတာ ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ နည်းလမ်းမှန်မှန်နဲ့ ဖြေးဖြေးချင်းစီ တိုက်ပေးပါ။ Electric toothbrush တွေ သုံးပေးတာလည်း အရမ်းကောင်းပါတယ်။

Flossing လုပ်ပေးပါ

သွားကြားထိုးတံနဲ့ သွားကြားထိုးတာက သွားတွေကျဲစေပါတယ်။ သွားအလှပျက်စီးစေပါတယ်။ အစားစားပြီး သွားကြားတွေကို မသန့်ရှင်းပေးရင်လည်း သွားပျက်စီးတာ၊ ခံတွင်းအနံ့နံတာတွေ ဖြစ်မှာပါ။ ဒီတော့ အစာစားပြီးရင် flossing လုပ်ပေးဖို့ မမေ့ပါနဲ့။