Relationship တစ်ခုမှာ နှစ်ယောက်လုံးပျော်ရွှင်ဖို့ဆိုတာက လုပ်ရပ်နဲ့ပဲဆိုင်ပါတယ်။ နှစ်ယောက်လုံး လုပ်နေတဲ့ပုံစံတွေ မဟုတ်ရင်တော့ ခိုင်မြဲတဲ့ Relationship ကိုရဖို့ခက်သလို ပျော်ရွှင်မှုလည်း အပြည့်အဝရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုခိုင်မြဲပြီးအဆင်ပြေတဲ့ Relationship တစ်ခုအတွက် လိုအပ်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ပွင့်လင်းမှုရှိပါ

တစ်ယောက်နဲ့တစ်ယောက် ကောင်းတာဆိုလည်းပြောပြ၊ ဆိုးတာဆိုလည်းပြောပြပြီး ညှိုယူဖို့၊ မကျေနပ်တာ၊ မကြိုက်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောဖို့ လိုပါတယ်။ ဒါမှလည်း တစ်ယောက်စိတ်ကို တစ်ယောက် သိမှာပါ။ ပွင့်လင်းမှုမရှိပဲ ရင်ထဲမှာထားရင် တစ်နုတ်နုတ်နဲ့ ပြဿနာကြီးမှ ပွင့်ထွက်လာပြီး အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။

ယုံကြည်မှုတည်ဆောက်ပါ

ပိုခိုင်မြဲပြီးအဆင်ပြေတဲ့ Relationship တစ်ခုအတွက် အလိုအပ်ဆုံးက ယုံကြည်မှုပါပဲ။ ဒါကြောင့် ယုံကြည်မှုကို တည်ဆောက်ပါ။ တစ်ယောက်နဲ့တစ်ယောက် သံသယတွေမများပဲ ယုံကြည်မှုသာရှိနေရင် စိတ်ပင်ပန်းရတာတွေ၊ ပြဿနာတွေလည်း လျော့နည်းသွားပါလိမ့်မယ်။

ချစ်ကြောင်းပြပါ

ချစ်တယ်၊ သစ္စာမဖောက်ဘူးဆိုရုံနဲ့တင် မရပါဘူး။ မချစ်ပြတတ်လို့လည်း မရပါဘူး။ ချစ်ကြောင်းပြရပါမယ်။ ဒါမှ တစ်ဖက်လူက သိမှာပါ။ ချစ်တော့ချစ်တယ် ထုတ်မပြတတ်ဘူးဆိုတာမျိုး မလုပ်ပါနဲ့။ ရေရှည်အတွက် မကောင်းပါဘူး။

ရိုးသားပါ

တစ်ယောက်နဲ့တစ်ယောက် ရိုးသားပါ။ လိမ်ညာတာတွေ၊ ဖောက်ပြန်တာတွေ မရှိပါစေနဲ့။ လိမ်ညာတာ၊ ရိုးသားမှုမရှိတာတွေက ခဏခဏရန်ဖြစ်စကားများကြရင်းနဲ့ ပြတ်စဲသွားနိုင်တဲ့အရာပါ။

ဂရုစိုက်ပါ

သစ္စာရှိရှိနဲ့ ချစ်ပေးနေတာပဲဆိုပြီး ဂရုမစိုက်လို့မရပါဘူး။ ကိုယ့်ချစ်သူကို ဂရုစိုက်ပြီး ကြင်နာမှုရှိမှ တစ်ဖက်လူကလည်း ပျော်ရွှင်မှု အပြည့်အဝရပြီး ပျော်စရာကောင်းတဲ့ Relationship ကို ရရှိမှာပါ။ မဟုတ်ရင်တော့ ဂရုမစိုက်ဘူးဆိုတဲ့အချက်နဲ့ ခဏခဏရန်ဖြစ်စကားများနေရမှာပါပဲ။

အတိတ်တွေပြန်အစမဖော်ပါနဲ့

Relationship တစ်ခုကို ပိုပြီးအဆင်ပြေအောင် လုပ်ချင်တယ်ဆိုရင် အတိတ်တွေကို မေ့ပစ်လိုက်ပါ။ ဖြစ်ပြီးသားပြဿနာတွေကို ပြန်အစမဖော်ပါနဲ့။ ပြဿနာတစ်ခုဖြစ်လို့ ရန်ဖြစ်စကားများကြတိုင်း အတိတ်ကဖြစ်ပြီးသားတွေကိုပါ ပြန်အစဖော်ရင် ပြဿနာက ပိုကြီးသွားဖို့ပဲရှိပါတယ်။ အတိတ်ကို အတိတ်မှာမထားခဲ့နိုင်ပဲ ပြန်အစဖော်နေရင်တော့ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။