လူတိုင်းမှာတော့ နောင်တဆိုတာမျိုးကရှိတာပါပဲ။ နောင်တရရင်ပြန်ပြင်လို့ရတာတွေရှိသလို ပြန်ပြင်လို့မရတော့တာတွေလည်း ရှိပါတယ်။ အသက်ကြီးလာမှ ပြန်ပြင်လို့မရနိုင်တော့တဲ့ နောင်တတွေလည်း ရှိတာကြောင့် အားလုံးပဲ အချိန်မှီပြန်ပြင်လို့ရအောင် ပြောပြပေးချင်ပါတယ်။

ပိုက်ဆံမစုခဲ့ခြင်း

Source: www.greatperformersacademy.com

အဆိုးဆုံးကတော့ ပိုက်ဆံမစုမိခဲ့တာပါပဲ။ ငယ်ရွယ်တုန်းက ရှာနိုင်နေတုန်းက ပိုက်ဆံကိုမစုပဲ ရရင်ရသလို သုံးဖြုန်းပစ်တာမျိုးက အသက်ကြီးလာရင် အရမ်းထိခိုက်ပါတယ်။ အသက်ကြီးလာရင် မရှာနိုင်တာ့ စုထားတာကလည်းမရှိ ဒီအချိန်ကျမှ နောင်တရလို့လည်း ပြန်ပြင်လို့မှမရတော့တာ။

မိဘတွေကိုအချိန်မပေး၊ ဂရုမစိုက်ခဲ့ခြင်း

Source: www.fakt.pl

ကိုယ့်အသက်ကြီးလာတာနဲ့အမျှ မိဘတွေရဲ့ အသက်ကလည်း တဖြည်းဖြည်းကြီးလာပြီး အတူတူနေဖို့အချိန်တွေက လျော့နည်းလာပြီဆိုတာကို မမေ့ပါနဲ့။ ကြိုတင်ခန့်မှန်းလို့မရတဲ့ သေခြင်းတရားက လူတိုင်းမှာရှိပါတယ်။ ဒါကြောင့် ကိုယ့်မိဘတွေ သက်ရှိထင်ရှားရှိနေတုန်းမှာ ဂရုစိုက်ပါ။ အချိန်ပေးပါ။ ပြုစုစောက်ရှောက်ပါ။ စိတ်ချမ်းသာအောင်ထားပါ။ ဒီလိုတွေမလုပ်ပေးခဲ့မိလို့ဆိုပြီး နောက်မှနောင်တရနေလို့လည်း ပြန်ပြင်လို့မရတော့ပါဘူး။

အတတ်ပညာမသင်ယူခဲ့ခြင်း

Source: www.forbes.com

ငယ်ရွယ်နေတုန်းမှာ ဘာပဲသင်သင် သေချာကြိုးစားရင် တက်မြောက်ပါတယ်။ ဒီလိုရွယ်မှာသေချာ မသင်ယူခဲ့ပဲ အသက်ကြီးလာမှ သွားသင်ရင် အသက်အရွယ်ကစကားပြောလာပါပြီ။ အလုပ်ဆိုတာလည်း အသက်အရွယ်နဲ့ ကတ်သန့်ပြီးခေါ်နေကြတာမို့ အသက်ကြီးလာရင် ရာထူးကောင်းကောင်းရအောင် ငယ်ရွယ်တုန်းမှာ တက်သင့်တာတွေတက်ထားပါ။ သူများတွေအောင်မြင်နေချိန်မှာ ကိုယ်ကဒီနေရာမှာပဲ ရပ်နေလို့မဖြစ်ဘူးနော်။

ကိုယ်ပိုင်လုပ်ငန်းမလုပ်နိုင်ခဲ့ခြင်း

Source: www.healthline.com

အသက်ကြီးလာရင် ကိုယ်ပိုင်အလုပ် သေးသေးလေးပဲဖြစ်ဖြစ် ရှိနေရင် အကောင်းဆုံးပါပဲ။ ဒီလိုရှိဖို့ဆိုတာလည်း ငယ်ရွယ်တုန်းမှာ ကြိုးစားထားမှ ဖြစ်လာမှာပါ။ ဒါကြောင့် အသက်ကြီးလာလို့ ကိုယ်မရှာနိုင်တော့လည်း မျက်နှာမငယ်ရအောင်၊ အသက်ကြီးလာရင် အေးဆေးနေနိုင်အောင်၊ ငယ်ရွယ်တုန်းမှာ ကြိုးစားရုန်းကန်ပါ။

အချစ်ရေးရွေးချယ်မှုမှားခဲ့ခြင်း

Source: www.delfi.lt

ငယ်ရွယ်တုန်းမှာ ရူးမိုက်ပြီး အချစ်ရေးကို ရွေးချယ်မှုမှားယွင်းခဲ့တာတွေ၊ အိမ်ထောင်ဘက်ရွေးချယ်မှုမှားခဲ့တာတွေက ရင့်ကျက်လာတဲ့အချိန်၊ အသက်ကြီးလာတဲ့အချိန်တွေရောက်မှ နောင်တရတတ်တာပါ။ တချို့အမှားမျိုးကျ ပြန်ပြင်လို့မရနိုင်တော့ဘူးလေ။