ရည်းစားတွေမဖြစ်ခင် အဆင်ပြေနေတဲ့အချိန်မှာ၊ အခြေအနေတိုးတက်နေချိန်မှာ သင်လုပ်လိုက်မိတဲ့အရာတချို့ကြောင့် တစ်ဖက်လူက စိတ်ပျက်သွားတာမျိုး မဖြစ်ရအောင် ရည်းစားတွေမဖြစ်ခင်မှာ မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။
အရမ်းချုပ်ချယ်တာမျိုး
ရည်းစားတွေဖြစ်နေချိန်မှာတောင် အရမ်းချုပ်ချယ်လွန်းရင် တစ်ဖက်လူက စိတ်ပျက်တာမျိုး ဖြစ်နိုင်တာမို့ ရည်းစားမဖြစ်သေးခင်အချိန်မှာ အရမ်းသွားချုပ်ချယ်တာမျိုး မလုပ်ပါနဲ့။ တစ်ဖက်လူက စိတ်ပျက်ပြီး လက်လျော့သွားနိုင်ပါတယ်။
အရမ်းသဝန်တိုတာမျိုး
သဝန်တိုတာလောက်ကတော့ တစ်ဖက်လူလည်း သဘောကျပါတယ်။ ဒါပေမယ့် အရေးကြီးတာက တရားလွန်ကြီး အရမ်းသဝန်တိုတာမျိုး မဖြစ်မိဖို့ပါပဲ။ ရည်းစားတောင်မဖြစ်သေးပဲ အရမ်းကို တရားလွန်ကြီး သဝန်တွေတိုပြီး ပြဿနာတွေရှာမိရင် ပြောမိရင် တစ်ဖက်လူက စိတ်ရှုပ်ပြီး ကိုယ့်ကို လက်လျော့ သွားတာမျိုး ဖြစ်လာပါလိမ့်မယ်။
ရစ်တာမျိုး
ချစ်သူရည်းစားတွေတောင် အရမ်းရစ်လာရင်၊ ခဏခဏရစ်လာရင် ပြဿနာတွေတက်ပြီး စကားများကြတာ ကိုယ်က ရည်းစားလည်းမဖြစ်သေးပဲ အရာရာကို လိုက်ပြောပြီး ရစ်နေရင် စိတ်ပျက်စရာဖြစ်သွားပါလိမ့်မယ်။
စကားကိုရင့်သီးအောင်ပြောတာမျိုး
ရည်းစားတောင်မဖြစ်သေးခင်မှာ သူက ကိုယ်မပိုင်တဲ့သူတစ်ယောက်ပါပဲ။ ဒီလို ကိုယ်မပိုင်ဆိုင်ရသေးတဲ့သူတစ်ယောက်ကိုတောင် စကားပြောတဲ့အခါမှာ ရင့်သီးအောင်ပြောပြီး၊ စိတ်ဆိုးတိုင်း နာကျင်အောင်ပြောတာမျိုး၊ ဆဲဆိုတာမျိုး လုံးဝမလုပ်မိပါစေနဲ့။ ဒီလိုတွေက တစ်ဖက်လူ သင့်ကို စိတ်ပျက်သွား စေမယ့် အရာတွေပါပဲ။
photo source: www.pinterest.com