ဗိုက်ထဲအစာမရှိတဲ့အချိန်မှာ ကိုယ်ဂရုမစိုက်ပဲ လုပ်လိုက်တဲ့အရာတချို့က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်အတွက်လည်း ကောင်းကျိုးမရှိတဲ့အတွက် လုပ်နေမိရင်လည်း အချိန်မှီလေးပြင်လို့ရအောင် ဗိုက်ထဲ အစာမရှိတဲ့အချိန်မှာ မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ဗိုက်ထဲမှာ အစာမရှိတဲ့အချိန် ဆေးမသောက်ပါနဲ့။ အစာအိမ်ထိစေတဲ့အတွက် အစာများများခံပြီးမှ ဆေးသောက်ပါ။

ဗိုက်ထဲအစာမရှိတဲ့အချိန်မှာ ကော်ဖီမသောက်ပါနဲ့။ ရင်တုန်စေပါတယ်။ အစာလည်းစား၊ ကော်ဖီလည်းသောက် ဒါမျိုးလုပ်လို့ရပါတယ်။

ဗိုက်ထဲအစာမရှိပဲ အရက်သောက်မယ်ဆိုရင်တော့ ကျန်းမာရေးအရမ်းထိခိုက်စေပါတယ်။

ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်၊ ဗိုက်ဆာတဲ့အချိန်တွေမှာဆိုရင် အချိုစားပေးရတယ်လို့ ပြောကြတယ်။ သကြားလုံးစားပေးလို့ရပါတယ်။ ပီကေလည်း ဝါးပေးလို့ရပါတယ်။ ဒါပေမယ့် ပီကေဝါးမယ်ဆိုရင်တော့ အချိုကုန်တာနဲ့ ထွေးထုတ်ပါ။ ၁၀ မိနစ်ထက် ပိုမဝါးပါနဲ့။

ဗိုက်ထဲအစာမရှိပဲ မအိပ်ပါနဲ့။ ညဘက် ဗိုက်ဆာရင် တစ်ခုခုထစားပါ။ နွားနို့သောက်တာပဲဖြစ်ဖြစ်ပေါ့။ ဗိုက်ဆာနေတဲ့အတိုင်းဆက်အိပ်မယ်ဆို တော်ရုံနဲ့လည်း အိပ်ပျော်မှာမဟုတ်သလို၊ အစာအိမ်လည်း ထိခိုက်နိုင်ပါတယ်။

ဗိုက်ထဲအစာမရှိပဲ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ အားမရှိသလိုဖြစ်ပြီး ပုံမှန်ထက် ပိုမောပြီး ရင်တုန်စေပါတယ်။

ဗိုက်ထဲအစာမရှိတဲ့အချိန်မှာ ချဉ်တဲ့ဖျော်ရည်တွေ မသောက်ပါနဲ့။ အစာအိမ်ထိခိုက်စေပါတယ်။

Source: www.brightside.me