Relationship အသစ်ရလာတဲ့အခါမှာ တစ်ချို့ကပြောင်းလဲသွားကြတာမျိုး ရှိပါတယ်။ ဒီလိုပြောင်းလဲသွားတာက ကောင်းတာလည်းရှိသလို၊ မကောင်းတာလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် Relationship အသစ်ရလာတဲ့အခါမှာ ဒီအရာတွေကိုတော့ မလုပ်သင့်ပါဘူး။

သင့်ပင်ကိုယ်စတိုင်လ်ကိုမပြောင်းလဲလိုက်ပါနဲ့

ကိုယ့်ရဲ့ပင်ကိုယ်စတိုင်လ်ကိုပြောင်းလဲဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီလူနဲ့တွဲမှ ကိုယ့်အကြိုက်တွေကိုပြောင်းလဲပြီး သူ့အကြိုက်ဖြစ်အောင်ကြိုးစားနေတာက အတင်းလုပ်ယူနေမယ်ဆိုရင် ကိုယ်ပဲစိတ်ပင်ပန်းပါတယ်။ ဒါကြောင့် ကိုယ့်ပုံစံကိုလက်ခံနိုင်တဲ့သူနဲ့ပဲတွဲပါ။

သူငယ်ချင်းတွေနဲ့မတွေ့တော့တာမျိုးမလုပ်ပါနဲ့

Relationship အသစ်ရလာတဲ့အခါမှာ တချို့က သူငယ်ချင်းတွေနဲ့မတွေ့တော့တာမျိုး၊ ရည်းစားကမကြိုက်လို့၊ မပေါင်းခိုင်းလို့ဆိုပြီး မပေါင်းတာမျိုး၊ သူငယ်ချင်းတွေခေါ်ရင်မသွားတော့ပဲနေတာမျိုး ရှိပါတယ်။ ဒီလိုလုပ်တာတွေက တစ်ခါတစ်လေဆိုဘာမှမဖြစ်ပေမယ့် အမြဲလိုလိုဖြစ်လာရင်တော့ ကြာလာတဲ့အခါမှာ သူငယ်ချင်းတွေဘက်က foul ဖြစ်ပြီး ကိုယ့်ကိုပယ်လိုက်တာမျိုး၊ စိတ်ခုသွားတာမျိုး ဖြစ်လာပါလိမ့်မယ်။ ရည်းစားအသစ်ရမှ သူငယ်ချင်းတောင်မရှိတော့တာမျိုး မဖြစ်ပါစေနဲ့။

ရင်ထဲရှိတဲ့အတိုင်းထုတ်ပြောဖို့မရှက်ပါနဲ့

Relationship အသစ်ဆိုရင် နည်းနည်းရှိန်နေတာ၊ ရှက်နေတာ၊ မာနတွေထားနေတာမျိုး ဖြစ်တတ်ပါတယ်။ Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ မာနတွေမထားပဲ ရင်ထဲရှိတဲ့အတိုင်း ထုတ်ပြောဖို့၊ ချစ်ပြဖို့လိုပါတယ်။ ဒါမှပျော်စရာကောင်းပြီး အဆင်ပြေမှာပါ။

ရည်းစားဟောင်းတွေနဲ့အဆက်ဆံမလုပ်ပါနဲ့

Relationship အသစ်ရလာပြီးရင် ကိုယ့်ရည်းစားအပေါ်မှာ သစ္စာရှိပါ။ စည်းထားပါ။ ရည်းစားဟောင်းတွေနဲ့ အဆက်ဆံမလုပ်ပါနဲ့။ ဆက်သွယ်စရာ၊ ပတ်သက်နေစရာလည်း မလိုပါဘူး။ Single ဘဝမှာတုန်းက အီစီကလီလုပ်ထားတာတွေနဲ့လည်း ဆက်ပြီးရောနှောပတ်သက်နေတာမျိုး မလုပ်ပါနဲ့။ ဒီအချက်က အရေးအကြီးဆုံးပါပဲ။

စကားနာမထိုးပါနဲ့

Relationship အသစ်ရလာတဲ့အခါမှာ ချစ်ပြပါ။ ဂရုစိုက်ပြပါ။ သဘောထားချင်းမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ရင်တော့ ခဏပဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြန်ချော့ပါ။ စစချင်းမှာ များများချစ်ပေးရမှာကို စကားနာထိုးတာမျိုး မလုပ်ပါနဲ့။ တချိန်လုံးရန်ဖြစ်စကားများပြီး သူနိုင်ကိုယ်နိုင် အပြိုင်ပြောပြီး အမြဲတမ်း စကားနာထိုးနေမယ်ဆိုရင်တော့ စိတ်ပျက်စရာကောင်းတဲ့ Relationship ဖြစ်လာမှာပါ။

Photo Source: www.freepik.com