မိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်မလှတာမျိုးတွေ၊ ကွက်တာမျိုးတွေ၊ မိတ်ကပ်သား ကြာရှည်မခံတာမျိုးတွေ မဖြစ်စေဖို့အတွက် သေချာလိမ်းခြယ်သင့်ပါတယ်။ ဒါကြောင့် လိမ်းရင်လည်း perfect ဖြစ်ပြီး လှပနေစေဖို့ မိတ်ကပ်လိမ်းတဲ့အခါမှာ မလုပ်မိအောင် ဆင်ခြင်သင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

လက်နဲ့မလိမ်းပါနဲ့

မိတ်ကပ်ကို လက်နဲ့လိမ်းရင် မိတ်ကပ်မညီတာ၊ ကွက်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် လက်နဲ့လုံးဝပွတ်ဆွဲပြီး မလိမ်းပါနဲ့။ Makeup Sponge နဲ့လိမ်းပေးပါ။

မိတ်ကပ်ရွေးချယ်မှုမမှားပါစေနဲ့

မိတ်ကပ်ရွေးချယ်မှု မမှားဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့် Skin Tone နဲ့ကိုက်ညီတဲ့ Shade ကို သေချာရွေးချယ်ပါ။ Shade မှားရွေးရင် ညိုသွားတာမျိုး၊ တအားဖြူပြီး ပြာသွားတာမျိုးတွေ ဖြစ်စေပါတယ်။ ကိုယ့် Skin Type နဲ့ကိုက်ညီတာကိုလည်း သေချာရွေးချယ်ဖို့ လိုပါသေးတယ်။ ဒါမှ မိတ်ကပ်သားလှနေမှာပါ။

Moisturizer မလိမ်းပဲမနေပါနဲ့

မိတ်ကပ်မလိမ်းခင်မှာ Moisturizer လိမ်းဖို့ကို မမေ့ပါနဲ့။ Moisturizer လိမ်းမှ မိတ်ကပ်ဆွဲလို့ကောင်းပြီး အသားအရေစိုစိုကြည်ကြည်လေး ဖြစ်နေမှာပါ။

Lighting မကောင်းတဲ့နေရာမှာမလိမ်းပါနဲ့

မိတ်ကပ်လိမ်းတဲ့အခါမှာ အရေးကြီးတဲ့တစ်ချက်က Lighting ကောင်းတဲ့နေရာမှာ လိမ်းဖို့ပါပဲ။ ဒါမှ အချိန်အဆမှန်မှာပါ။ Lighting မကောင်းတဲ့နေရာမှာ မှောင်နေလို့ အများကြီးတွေ ပြင်ဆင်ပြီး အပြင်လည်းရောက်ရော မျက်နှာက တအားဖြူပြီး ပြာနေတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။

ပါးနီကိုအများကြီးမခြယ်ပါနဲ့

ပါးနီကို အများကြီးခြယ်လိုက်ရင် ကိုယ်လိမ်းထားတဲ့မိတ်ကပ် Look ပါ ပြောင်းလဲသွားပြီး ရုပ်ဆိုးသွားတာမျိုး၊ ပါးနှစ်ဖက်ပဲ ရဲတွတ်နေတာမျိုး၊ ပြောင်စပ်စပ်ဖြစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပါးနီကို တစ်ခါထဲနဲ့ အများကြီးခြယ်ပစ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။

Bronzer အများကြီးမသုံးပါနဲ့

Bronzer မသုံးတတ်ရင် မသုံးတာက ပိုကောင်းပါတယ်။ မသုံးတတ်ပဲ အများကြီးသုံးလိုက်မိရင် မျက်နှာကြီးညိုသွားတာမျိုး၊ မျက်နှာမှာအညိုစင်းတွေ ထင်းနေတာမျိုး၊ Bronzer ခြယ်ထားတဲ့နေရာတွေ မှားနေတာမျိုး ဖြစ်စေပါတယ်။ ဒီလိုတွေဖြစ်သွားရင် လိမ်းထားတဲ့မိတ်ကပ်က ရုပ်ဆိုးသွားမှာပါ။

နှုတ်ခမ်းနီမဆိုးပဲမနေပါနဲ့

မိတ်ကပ်တွေအားလုံး လှလှပပပြင်ဆင်ထားပြီး နှုတ်ခမ်းနီမဆိုးရင် တစ်ခုခုလိုနေသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် နှုတ်ခမ်းနီမဆိုးပဲနဲ့လည်း မနေပါနဲ့။