ရည်းစားမဖြစ်ခင် ပထမဆုံးစဒိတ်ကြတဲ့အချိန်က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ပထမဆုံးတွေ့တဲ့ first date မှာ မပြုလုပ်သင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အရမ်းပြင်ဆင်ပြီးမသွားပါနဲ့

ပထမဆုံးတွေ့တဲ့ first date မှာ အလှတွေအရမ်းပြင်ပြီးသွားတာမျိုး၊ ဖက်ရှင်ကိုလည်း အရမ်းတွေပြင်ဆင်ပြီး Over ဖြစ်နေတာမျိုး မလုပ်ပါနဲ့။ လှလှပပ သပ်သပ်ရပ်ရပ်နဲ့ ပေါးပါးမှုရှိစေမယ့် အရာမျိုးပဲ ဝတ်ဆင်ပါ။ မိတ်ကပ်ကိုလည်း ပုံမှန်အတိုင်းပဲ ပြင်ပေးပါ။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ရေမွှေးကို မွှန်ထူနေအောင် စွတ်သွားတာမျိုး မလုပ်ပါနဲ့။

ကိုယ့်အကြောင်းကိုယ်အရမ်းပြောပြတာမျိုးတွေမလုပ်ပါနဲ့

ပထမဆုံးတွေ့တဲ့ first date မှာ ပေါ့ပေါ့ပါးပါးပဲ စကားပြောဆိုပါ။ ကိုယ့်အကြောင်းတွေချည်းပဲ တောက်လျှောက်လှိမ့်ပြောနေတာမျိုး မလုပ်ပါနဲ့။ မေးတာကို ဖြေတာလောက်ပဲ လုပ်ပါ။

မေးခွန်းတွေမများပါနဲ့

တစ်ဖက်လူကို မေးခွန်းတွေ အရမ်းမမေးပါနဲ့။ ပုံမှန်မေးနေကျ မေးခွန်းမျိုးတွေပဲမေးပါ။ ပထမဆုံးဒိတ်မှာထဲက သိချင်တာတွေ အရမ်းမများပါနဲ့။ မေးခွန်းတွေများလွန်းရင် တစ်ဖက်လူအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

ဖုန်းပဲသုံးနေတာမျိုးမလုပ်ပါနဲ့

တွေ့တဲ့အချိန်မှာ တစ်ဖက်လူကို အလေးထားပါ။ ပြောနေတာတွေကို စိတ်ဝင်စားတဲ့ပုံစံမျိုး ပြပေးပါ။ ဖုန်းလုံးဝမသုံးပါနဲ့။ တွေ့နေတဲ့အချိန် ဖုန်းသုံးနေတာက ရိုင်းရာကျပါတယ်။ တစ်ဖက်လူကိုလည်း အလေးမထား၊ ဂရုမစိုက်သလို ဖြစ်စေပါတယ်။

ရည်းစားဟောင်းအကြောင်းတွေ မပြောပါနဲ့

ပထမဆုံးတွေ့တဲ့ first date မှာ သူ့ရည်းစားဟောင်းအကြောင်းမေးတာ၊ ကိုယ့်ရည်းစားဟောင်းအကြောင်း ပြောတာတွေ လုံးဝမလုပ်ပါနဲ့။ လုံးဝမလိုအပ်တဲ့အတွက် ဒီအကြောင်းအရာတွေက ပြောစရာမလိုပါဘူး။

photo source: www.freepik.com