မျှော်လင့်ချက်ထားရင်၊ မျှော်လင့်မိနေရင် ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမှာ ကိုယ်ပဲ ပိုပြီး နာကျင်ခံစားရပါတယ်။ ကိုယ့်ကိုယ်ကိုသာ အကောင်းဖြစ်အောင် ထားပါ။ အခြားသူဆီကတော့ ရရှိဖို့ မမျှော်လင့်ပါနဲ့။ ဒီလို အခြားသူဆီက မျှော်လင့်မိရင် ကိုယ်ပဲပိုပြီး နာကျင်ရမယ့်အရာတွေ ရှိပါတယ်။ မနာကျင်ချင်ရင် ဒါတွေကို မျှော်လင့်နေတာ ရပ်လိုက်ဖို့ပဲ ရှိပါတယ်။

ကိုယ့်ကိုချစ်လာဖို့

အခြားသူဆီက ကိုယ့်ကိုချစ်လာဖို့ကို မမျှော်လင့်ပါနဲ့။ ကိုယ်ကချစ်ပေမယ့်လည်း သူ့ဘက်က ချစ်ချင်မှ ချစ်တာပါ။ လုပ်ယူလို့မရပါဘူး။ အတင်းလုပ်ယူပြီး မျှော်လင့်နေရင် ကိုယ်ပဲ ပိုပင်ပန်းပြီး နာကျင်ရပါလိမ့်မယ်။

ကိုယ့်အတွက်ပြောင်းလဲပေးဖို့

ကိုယ့်အတွက် ပြောင်းလဲလာဖို့ မမျှော်လင့်ပါနဲ့။ လုပ်ယူရင်လည်း ခဏပဲရပါလိမ့်မယ်။ ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်က အလိုလို ပြောင်းလဲလာ ပါလိမ့်မယ်။

ကိုယ့်ကိုဂရုစိုက်ဖို့

အခြားသူဆီက ဂရုစိုက်မှုကို မမျှော်လင့်ပါနဲ့။ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါ။ အခြားသူဆီက ဂရုစိုက်မှုကို မျှော်လင့်နေရင် ပိုပြီး ဝမ်းနည်းနာကျင်ရပါလိမ့်မယ်။

သင်ပြောတဲ့အတိုင်းလိုက်လုပ်ပေးဖို့

လူတစ်ယောက်ကို လိုက်ပြီး control လုပ်ဖို့ မစဉ်းစားပါနဲ့။ ငါပြောတဲ့အတိုင်းလုပ်၊ ငါပြောတဲ့အတိုင်းပဲနေဆိုတာမျိုးက အတ္တကြီးရာရောက်ပါတယ်။ တစ်ဖက်လူက ကိုယ်ပြောတဲ့အတိုင်း မလုပ်တဲ့အခါမှာ စိတ်အလိုမကျဖြစ်၊ ဒေါသထွက်ပြီး စိတ်ပင်ပန်းရတာက ကိုယ်ပဲဖြစ်မှာပါ။

သင့်စိတ်ကိုနားလည်ဖို့

ကိုယ့်စိတ်ကို ကိုယ်တောင်နားမလည်နိုင်တာမျိုး ရှိပါတယ်။ ဒါကြောင့် သင့်စိတ်ကို အခြားသူက နားလည်ပေးဖို့ မမျှော်လင့်ပါနဲ့။ အရာရာတိုင်းကို လိုက်မျှော်လင့်လွန်းရင်လည်း ပထမဦးဆုံး နာကျင်ခံစားရမှာက ကိုယ်တိုင်ပါပဲ။

Source: www.inc.com