လူတစ်ယောက်က အသက် ၂၅ နှစ်ကျော်လာပြီဆိုရင် အရင်နဲ့မတူပဲ လုံးဝကိုပြောင်းလဲနေသင့်ပါပြီ။ အရင်လို အလေလိုက်ပြီး ပေါ့ပေါ့တန်တန်နေတာမျိုး၊ ကလေးဆန်နေတာမျိုးတွေ လုပ်လို့မရတော့ပါဘူး။ ဒီအရွယ်က သင့်ဘဝကို ပြောင်းလဲပေးနိုင်မယ့်အရွယ်ကောင်းပါ။ ဒါကြောင့် အသက် ၂၅ နှစ်ကျော်လာတဲ့အချိန် သင့်မှာရှိနေဖို့လိုတဲ့အရာတွေက ဘာတွေလဲဆိုတာ သိဖို့လိုပါတယ်။

Diploma တစ်ခုရထားရမယ်

အခုခေတ်မှာ ဘွဲ့တစ်ခုထဲနဲ့ အဆင်မပြေတော့တာကို အားလုံးလည်းသိမှာပါ။ ဒါကြောင့် အသက် ၂၅ နှစ်ကျော်ရင် ဘဝအတွက် အသက်မွေးဝမ်းကြောင်းလုပ်လို့ရမယ့် အတတ်ပညာ Diploma တစ်ခုတော့ရထားဖို့လိုပါတယ်။ ဥပမာ HR ဝါသနာပါရင် HR Diploma ပေါ့။

အလုပ်အကိုင်ကောင်းကောင်းရှိနေရမယ်

Diploma တစ်ခုရှိထားရင် ကိုယ့်နဲ့သင့်တော်ပြီး အဆင်ပြေမယ့်အလုပ်ကတော့ ရလာမှာပါ။ အသက် ၂၅ နှစ်မကျော်ခင်မှာ Diploma တစ်ခုရအောင်လုပ်ထားရင် ၂၅ နှစ်ကျော်လာတဲ့အခါ ကောင်းမွန်တဲ့အလုပ်အကိုင်ရနေမှာပါ။

ငွေစုထားနိုင်ရမယ်

အသက် ၂၀ ကျော်ထဲက ပိုက်ဆံစုတတ်တဲ့အကျင့်ကိုလုပ်ပါ။ ရသလောက်လေး ဘဏ်ထဲစုထားပါ။ ဒါမှ အသက် ၂၅ နှစ်ကျော်လာတဲ့အခါ စုထားတဲ့ငွေပမာဏ များနေမှာပါ။

ရည်မှန်းချက်ရှိရမယ်

ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်ရောက်ဖို့ ရည်မှန်းချက်ရှိရပါမယ်။ ချမ်းသာချင်ရင် ချမ်းသာအောင် ကြိုးစားအားထုတ်ရပါမယ်။ အသက် ၂၅ နှစ်သာကျော်သွားတယ် ရည်မှန်းချက်လည်းမရှိဘူး ဖြစ်အောင်လည်း မလုပ်နိုင်ဘူးဆိုရင်တော့ ရှေ့ရေးအတွက်အဆင်မပြေပါဘူး။

တစ်ယောက်ထဲနေတတ်ရမယ်

အသက် ၂၅ နှစ်ကျော်ရင် ကလေးမဟုတ်တော့တဲ့အတွက် အဖော်မင်နေလို့မရဘူး၊ ကြောက်နေလို့လည်း မရတော့ပါဘူး။ တစ်ခုခုဆို တစ်ယောက်ထဲလုပ်နိုင်ရမယ်၊ သတ္တိရှိရမယ်။ တစ်ယောက်ထဲနေတတ်ရမယ်။

ရင့်ကျက်လာရမယ်

ကလေးဆန်နေလို့လည်းမရဘူး၊ စိတ်အားငယ်နေလို့လည်းမရဘူး။ တစ်ခုခုဆို ဝမ်းနည်းပြီး လိုက်ခံစားနေလို့လည်း မရတော့ဘူး။ အရာရာကို ရင့်ကျက်နေဖို့လိုပါတယ်။

Want နဲ့ Need ကိုခွဲခြားနိုင်ရမယ်

ဆယ်ကျော်သက်အရွယ်တုန်းကလို ဒါလေးမြင်တာနဲ့ ဝယ်၊ ဟိုဟာလေးမြင်တာနဲ့ဝယ် လုပ်လို့မရပါဘူး။ တစ်ခုခုလိုချင်ပြီဆိုရင် ကိုယ့်အတွက်လိုအပ်လို့လားဆိုတာကို စဉ်းစားပါ။ အလကားသက်သက် ပိုက်ဆံအကုန်မခံပါနဲ့။ ပိုက်ဆံကို ချွေတာပြီး စုဆောင်းပါ။ တစ်ခုခုဆို Want နဲ့ Need ကို ခွဲခြားနိုင်ရပါမယ်။

ချက်ပြုတ်တတ်ရမယ်

အသက် ၂၅ နှစ်ကျော်ရင် လူကြီးဖြစ်နေပါပြီ။ ကိုယ်တိုင်ချက်ပြုတ်တတ်ဖို့လိုပါတယ်။ မိန်းကလေးတွေဆို ပိုအရေးကြီးပါတယ်။

Photo Source: www.freepik.com