ဆံပင်ပါးတဲ့သူတွေက သူများတွေထက်ပိုပြီးတော့ ဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်က ဆံပင်ပါးတယ်ဆိုရင် ဒီအရာတွေကို ဆင်ခြင်ပေးရပါမယ်။

ညအိပ်တဲ့အခါမှာ ဆံပင်ကို ထုံးပြီးအိပ်တာပဲဖြစ်ဖြစ်၊ ကျစ်ဆံမြီးကျစ်ပြီးအိပ်တာပဲဖြစ်ဖြစ်၊ စည်းပြီးတော့ပဲဖြစ်ဖြစ် အိပ်ပါ။ ဆံပင်ချအိပ်တာက ဆံပင်ပိုကျွတ်စေပါတယ်။

ဆံပင်ကို Chemical ခဏခဏမထိပါစေနဲ့။ ခဏခဏဆေးဆိုးတာမျိုး၊ ကောက်လိုက်ဖြောင့်လိုက် ခဏခဏမလုပ်ပါနဲ့။ ဆံပင်ချွတ်တာမျိုး လုံးဝလုပ်လို့မရပါဘူး။ ဆံပင်ကို ကလိုရင်းမထိပါစေနဲ့။ ကလိုရင်းထိရင် ဆံပင်ပိုကျွတ်စေပါတယ်။

ခေါင်းလျှော်တဲ့အခါမှာ ခေါင်းလျှော်ရည်တစ်မျိုးထဲ မသုံးပါနဲ့။ ပေါင်းဆေး၊ ပျော့ဆေး စတာတွေသုံးပေးပါ။ ဆံပင်ကို သဘာဝသစ်သီးတွေနဲ့ သဘာဝနည်းလမ်းတွေနဲ့ တစ်ပတ်တစ်ခါလောက် ပေါင်းတင်ပေးပါ။

ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းမကိုင်ပါနဲ့။ ဆံပင်တွေရှုပ်ပွတဲ့အခါမှာလည်း ဖြေးဖြေးချင်းစီရှင်းပါ။ ဆံပင်ကို Essencial Oil, Vitamin E စတာတွေကို အမြဲထည့်လိမ်းပေးပါ။ ဆံပင်ကဆီမရှိလို့ ဖွာနေရင် ခြောက်နေရင် ဆံပင်ပိုကျွတ်စေပါတယ်။