မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ခြေထောက်လေးတွေ ဖြူပြီးသန့်နေရင် အရမ်းကြည့်ကောင်းပါတယ်။ ဒီလို အမြဲတမ်း ခြေထောက်လေးတွေ ဖြူပြီး သန့်နေတာမျိုး လိုချင်တယ်၊ မဲညစ်နေတဲ့ခြေထောက်တွေ ပြန်ဖြူလာချင်တယ်ဆိုရင်တော့ ဒီအရာတွေကို ပုံမှန်လုပ်ပေးဖို့လိုပါတယ်။

ခြေထောက်တိုက်ဖို့မမေ့ပါနဲ့

ရေချိုးတိုင်းမှာ ခြေထောက်တိုက်ဖို့ လုံးဝမမေ့ပါနဲ့။ နေ့တိုင်း တစ်နေ့တစ်ခါ လက်နဲ့အရင် ဂျေးတွန်းပါ။ ပြီးရင် ခြေထောက်တိုက်တဲ့ brush လေးနဲ့ သေချာတိုက်ပေးပါ။ ၁ လ၊ ၂ လ လောက်နဲ့တင် ခြေထောက်လေးတွေ သန့်ပြီး အရင်ထက် skin tone ပိုလင်းလာပါလိမ့်မယ်။ ချက်ချင်းဖြူလာတာမျိုး မဟုတ်ပေမယ့် နေ့တိုင်းလုပ်ပေးရင် ခြေထောက်က ဖြေးဖြေးချင်းစီ ဖြူပြီးသန့်လာပါတယ်။

တစ်ပတ်တစ်ခါ Scrub တိုက်ပါ

Body scrub လုပ်တိုင်းမှာ ခြေထောက်လေးတွေ၊ ခြေဖမိုး၊ ခြေဖနောင့်၊ ခြေချောင်းလေးတွေကိုလည်း scrub သေချာတိုက်ပေးပါ။ တစ်ပတ်တစ်ခါ scrub တိုက်ပေးရင် ဂျေးတွေပြောင်ပြီး dead cells တွေကို ဖယ်ရှားပေးလို့ အသားအရေကြည်ပြီး ဖြူလာစေပါတယ်။ ပုံမှန်လုပ်ပေးရင် ဖိနပ်သဲကြိုးရာတွေပါ ပျောက်သွားပြီး အသားညီလာပါလိမ့်မယ်။

Lotion လိမ်းဖို့မပျင်းပါနဲ့

Lotion လိမ်းရတာပျင်းတဲ့သူတွေက လက်ကိုပဲ လိမ်းကြတာများပါတယ်။ လိမ်းမယ်ဆိုရင် တစ်ကိုယ်လုံး သေချာလိမ်းပေးသင့်ပါတယ်။ ခြေထောက်လေးတွေ၊ ခြေဖမိုးလေးတွေကို သေချာ lotion လိမ်းပါ။ ရေချိုးပြီး၊ scrub တိုက်ပြီးတိုင်းလိမ်းပါ။ ညအိပ်ယာဝင်ခါနီး ခြေထောက်ကို သန့်စင်ပြီး lotion လိမ်းပါ။ ဒါဆိုရင်တော့ ခြေထောက်မဲညစ်နေတာ၊ မွဲခြောက်နေတာ သက်သာလာပြီး အသားအရေစိုစိုလေးနဲ့ ကြည်ပြီး ဖြူလာပါလိမ့်မယ်။

Foot Cleansing လုပ်ပါ

ခြေထောက်ကို ၂ ပတ် တစ်ခါ (သို့) တစ်လ တစ်ခါလောက် ဆိုင်မှာ foot cleansing ပုံမှန်လုပ်ပေးရင် ခြေထောက်လေးတွေဖြူဖွေးပြီး အမြဲတမ်းသန့်နေမှာပါ။ ဖိနပ်သဲကြိုးရာတွေလည်း ပျောက်သွားပါလိမ့်မယ်။

Foot Mask or Peeling လုပ်ပါ

တစ်လတစ်ခါ foot mask ကပ်တာပဲဖြစ်ဖြစ်၊ peeling လုပ်တာပဲဖြစ်ဖြစ် ပုံမှန်လုပ်ပေးရင်လည်း ခြေထောက်မဲညစ်နေတာတွေ သက်သာလာပြီး ခြေထောက်လေးတွေ ဖြူလာပါလိမ့်မယ်။