ရည်းစားမထားတော့ပဲ တစ်ယောက်တည်း Single အဖြစ်နဲ့ပဲ ဆက်နေသွားသင့်တဲ့သူတွေရှိပါတယ်။ အထူးသဖြင့်တော့ ဒီလိုအကျင့်စရိုက်နဲ့ ဒီလိုစိတ်မျိုးရှိတဲ့သူတွေက Single ပဲ လုပ်တာ ကိုယ့်အတွက် ပိုကောင်းပါတယ်။ Single သက်တမ်းကြာဖို့ ဖြစ်နိုင်ချေ ပိုများတဲ့သူတွေလို့လည်း ပြောလို့ရပါတယ်။
ရွေးလွန်းတဲ့သူ
ရည်းစားဆိုရင် ဘယ်လိုဖြစ်မှ၊ ဘယ်လိုပုံစံရှိမှ၊ အရာရာပြည့်စုံနေမှဆိုပြီး အရမ်းရွေးလွန်းတဲ့သူတွေက ရွေးရင်းနဲ့ အချိန်တွေကြာပြီး Single သက်တမ်း ပိုကြာသွားမယ့်သူတွေပါပဲ။
သည်းခံချင်စိတ်မရှိတဲ့သူ
တစ်ခုခုဆိုရင် သည်းခံတတ်တဲ့စိတ်မရှိပဲ သေးသေးလေးကအစ လိုက်အပြစ်မြင်ပြီး ပြဿနာရှာတတ်တဲ့သူတွေက ရည်းစားထားရင်လည်း ဒီလိုအကျင့်တွေကြောင့်ပဲ ခဏခဏရန်ဖြစ်စကားများရမယ်။ အဆင်မပြေဖြစ်ပြီး ပျော်ရတဲ့အချိန်ထက် ပြဿနာတွေဖြေရှင်းပြီး ရန်ဖြစ်ရတဲ့အချိန်တွေက ပိုများလာမှာပါ။ ဒါကြောင့် ကိုယ့်ဘက်ကလည်း နည်းနည်းလေးမှမပြင်နိုင်ရင်တော့ Single အဖြစ်နဲ့ပဲနေတာက ပိုစိတ်ချမ်းသာရပါလိမ့်မယ်။
အယုံအကြည်မရှိတဲ့သူ
အချစ်ကို အယုံအကြည်မရှိတော့တဲ့သူတွေက ကိုယ့်ကိုလာကြိုက်သမျှ၊ ချစ်တယ်ပြောသမျှကိုလည်း ယုံကြည်မှာမဟုတ်ပါဘူး။ ဟာသလိုမြင်တာမျိုး၊ အထင်သေးတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုလူမျိုးတွေကတော့ ရည်းစားထားချင်စိတ်ကုန်ပြီး Single အဖြစ်နဲ့ပဲ ကြာကြာနေသွားမယ့်သူတွေပါပဲ။
အပူအပင်ကင်းတာပဲလိုချင်တဲ့သူ
နည်းနည်းလေးမှ စိတ်ညစ်မခံနိုင်ဘူး၊ စိတ်ရှုပ်မခံချင်ဘူး၊ အပူအပင်ကင်းတာပဲလိုချင်တယ်၊ လွတ်လွတ်လပ်လပ်နေရတာပဲကြိုက်တယ် ဆိုရင်တော့ ရည်းစားမထားပဲ Single အဖြစ်နဲ့ပဲ နေသင့်ပါတယ်။ ရည်းစားထားရင် အနည်းနဲ့အများတော့ သေချာပေါက် ချုပ်ချယ်ခံရမယ်၊ စိတ်ညစ်စရာတွေ ကြုံရမယ်၊ စိတ်ရှုပ်စရာတွေလည်း ကြုံရမယ်။ ပူပင်ရတာတွေလည်းရှိမယ်။ ဒါပေမယ့် ပျော်ရတာလည်း ရှိတာကြောင့် ရည်းစားထားတော့မယ်ဆိုရင် သေချာစဉ်းစားသင့်ပါတယ်။
photo source: www.freepik.com