အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို များများစားရင် ခန္ဓာကိုယ်အတွက်သာမကပဲ အလှအပအတွက်ပါ ကောင်းကျိုးတွေ ဖြစ်လာမှာပါ။ ဒါပေမယ့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်မစားပေးရင်တော့ ကြာလာတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဒီလိုဆိုးကျိုးတွေ ဖြစ်လာပါလိမ့်မယ်။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်မစားပေးရင် အမြင်အာရုံချို့တဲ့လာပါလိမ့်မယ်။ မျက်စိမှုန်တာမျိုးတွေ လွယ်လွယ်ဖြစ်လာပါလိမ့်မယ်။ မျက်စိအားနည်းလာပါမယ်။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်မစားပေးရင် ကြာလာတဲ့အခါမှာ ခန္ဓာကိုယ်အနံ့ဆိုး၊ ချွေးနံ့ဆိုးတွေ ထွက်လာပါလိမ့်မယ်။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်မစားပေးရင် စိတ်မကြည်မလင်ဖြစ်မယ်။ နုံးချိပြီး နေထိုင်မကောင်းတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။ ဒါကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်မစားပေးရင် အစာခြေစနစ်မှာ ပြဿနာရှိလာနိုင်ပါတယ်။ ဝမ်းချုပ်တာ၊ အစာမကြေတာမျိုးတွေ ခဏခဏဖြစ်ပါလိမ့်မယ်။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်မစားပေးရင် အသားအရေက မွဲညစ်ညစ်ကြီး ဖြစ်ပါမယ်။ ဝက်ခြံအဆီဖုတွေ ထွက်ပါမယ်။ မျက်ကွင်းညိုတာမျိုးတွေလည်း ဖြစ်လာပါလိမ့်မယ်။
Source:www.brightside.me