တစ်ခါတစ်လေမှာ တစ်ယောက်ထဲ အထီးကျန်နေတတ်တဲ့ အချိန်တွေရှိပါတယ်။ အများစုက အထီးကျန်ပြီဆိုရင် ဟိုတွေးဒီတွေးလျှောက်တွေးပြီး feel နေတတ်ပါတယ်။ ဒီလိုအချိန်မှာ feel နေမယ့်အစား အကျိုးရှိတာလေးတွေကို လုပ်ကြည့်လိုက်ပါ။ ဒါကြောင့် တစ်ယောက်ထဲ အထီးကျန်နေချိန်မှာ အကျိုးရှိအောင် လုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

စာဖတ်ပါ

တစ်ယောက်ထဲ အထီးကျန်တယ်လို့ ခံစားရရင် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့၊ ဘဝအတွက် အကျိုးရှိစေတဲ့ စာအုပ်တွေကို များများဖတ်ပါ။ သင့်အတွက် အများကြီးအကျိုးရှိစေသလို၊ စိတ်ပိုင်းဆိုင်ရာလည်း အများကြီး ပြောင်းလဲသွားစေပါတယ်။

ဝါသနာပါတာကိုလုပ်ပါ

တစ်ယောက်ထဲ အထီးကျန်လာပြီဆိုရင် ကိုယ်ဝါသနာပါတဲ့အရာတွေကို စတင်အကောင်အထည်ဖော်ပြီး လုပ်ကြည့်ပါ။ စိတ်က အဲ့ထဲကိုပဲရောက်နေရင် အထီးကျန်ဖို့လည်း အချိန်မရှိပါဘူး။

Homemade လေးတွေလုပ်ကြည့်ပါ

တစ်ယောက်ထဲအထီးကျန်တယ်လို့ ခံစားလာရပြီဆိုရင် ကိုယ်လုပ်ချင်တဲ့ Homemade ပစ္စည်းလေးတွေကို လုပ်ကြည့်ပါ။ ပျော်စရာကောင်းပါတယ်။ Homemade မုန့်လုပ်တာမျိုးလည်း လုပ်လို့ရပါသေးတယ်။

ရုပ်ရှင်ကြည့်ပါ

တစ်ယောက်ထဲ အထီးကျန်နေချိန်မှာ ဘာမှမလုပ်ချင်ရင်လည်း ရုပ်ရှင်သာကြည့်နေပါ။ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တွေကြည့်ပါ။ ဟာသတွေ ထိုင်ကြည့်ပါ။

photo source: www.freepik.com