ပြတ်သွားပြီးတဲ့ရည်းစားဟောင်းကို မမေ့နိုင်သေးတဲ့အခါမှာ တချို့ကတော့ ရင်ထဲမှာပဲ သိမ်းထားတတ်ပေမယ့် တချို့ကျတော့လည်း သူ့အကြောင်းကိုပဲ တွေးနေမိတာမျိုး ရှိပါတယ်။ ဒီလိုတွေးနေရင်တော့ ကိုယ်ပဲပိုပြီးခံစားရမှာ၊ ကိုယ်ပဲပိုပြီးပင်ပန်းမှာပါ။ ဒါကြောင့် ရည်းစားဟောင်းအကြောင်းပဲ တွေးနေမိတဲ့စိတ်ကို ဒီအရာတွေနဲ့ ပြန်လည်ထိန်းချုပ်နိုင်ပါတယ်။

တခြားသူတွေနဲ့စကားပြောကြည့်ပါ

ရည်းစားဟောင်းအကြောင်းပဲ တွေးနေမိတဲ့စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိထိရောက်ရောက် ကူညီပေးနိုင်မယ့်အရာကတော့ တခြားသူတွေနဲ့ စကားပြောတာပါပဲ။ ရည်းစားဟောင်းအကြောင်းပဲ တွေးနေမယ့်အစား ကိုယ့်ကိုစကားလာပြောတဲ့သူတွေနဲ့ ပြန်ပြောပါ၊ ပြန်ပြီး chat ပါ။ ကိုယ့်အပေါ်ကောင်းတဲ့သူနဲ့တွေ့ရင် အချိန်ပေးပြီးစကားပြောကြည့်၊ လေ့လာကြည့်ပါ။ အချိန်တန်ရင် ရည်းစားဟောင်းဆိုတာကို မေ့သွားမှာ အသေအချာပါပဲ။

မိသားစု၊ အပေါင်းအသင်းတွေနဲ့ အပြင်သွားပါ

တစ်ယောက်ထဲနေရင်တော့ ရည်းစားဟောင်းအကြောင်းပဲ တွေးနေမိမှာပါ။ ဒီတော့ မိသားစု၊ အပေါင်းအသင်းတွေနဲ့ အပြင်တွေခဏခဏသွားပါ။ ပျော်လည်းပျော်ရသလို စိတ်သက်သာရာလည်း ရစေမယ်။ ရည်းစားဟောင်းအကြောင်းတွေကိုလည်း မေ့နေပါလိမ့်မယ်။

Gym ဆော့ပါ

ရည်းစားဟောင်းအကြောင်းပဲ တွေးနေမိတဲ့စိတ်ကို လျော့ချပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်မျိုးကတော့ Gym ဆော့တာပါပဲ။ Gym ဆော့ရင်လည်း သေချာစိတ်နှစ်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားဆော့ပါ။ ရည်းစားဟောင်းကိုလည်း မေ့နိုင်ဖို့ ကူညီပေးနိုင်သလို၊ ကိုယ်လည်း အများကြီး ပိုလှသွားမှာပါနော်။

အလုပ်ပိုလုပ်ပါ

အတွေးတွေမများအောင်၊ တွေးနေချိန်မရှိအောင် အလုပ်ကိုအရင်ထက်ပိုလုပ်ပါ။ အလုပ်ရှုပ်နေရင် ဘာမှတွေးနေချိန်ကိုမရှိပါဘူး။ ဒါကြောင့် ရည်းစားဟောင်းအကြောင်းလည်း တွေးချိန်လျော့သွားပြီး အမြန်မေ့နိုင်သွားပါလိမ့်မယ်။

ပျော်ခဲ့တာတွေကိုမေ့ပစ်လိုက်ပါ

တော်တော်များများက ရည်းစားဟောင်းကို မမေ့နိုင်သေးရင်၊ ချစ်နေသေးရင် နာစရာထက် ပျော်ခဲ့တာတွေကိုပဲ ပြန်တွေးနေမိတာပါ။ ဒါကြောင့် မေ့ချင်တယ်ဆိုရင် ပျော်စရာတွေကို မေ့ပစ်ပါ။ မတွေးပါနဲ့။ နာစရာတွေကိုသာ များများတွေးပါ။

photo source:www.freepik.com