မိန်းကလေးအများစုက ပိုက်ဆံအိတ်ထဲမှာ အကုန်အစုံ ထည့်ထားတတ်ပါတယ်။ လွှင့်ပစ်ရမှာကို မလွှင့်ပစ်ပဲ ဆက်ထည့်ထားတာမျိုးတွေ၊ တချို့ထုတ်သင့်တဲ့အရာတွေကို မထုတ်ပဲ ဆက်ထည့်ထားတာမျိုးတွေကြောင့် ပိုက်ဆံအိတ်က အထဲမှာရှုပ်ပွနေတာ၊ အနံ့တွေနံကုန်တာ၊ ပိုက်ဆံအိတ်ညစ်ပတ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ပိုက်ဆံအိတ်ထဲမှာ ဆက်ပြီး မထည့်ထားသင့်တော့တဲ့အရာတွေနဲ့ ဘာကြောင့်မထည့်ထားသင့်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။
ကျိုးကြေနေတဲ့ပေါင်ဒါဘူးနဲ့ပါးနီဘူး
ကိုယ့်အိတ်ထဲထည့်ထားလေ့ရှိတဲ့ ပေါင်ဒါဘူးတွေ၊ ပါးနီဘူးတွေ အထဲမှာကျိုးကြေနေပြီဆိုရင် အိမ်မှာပဲထားခဲ့ပါ။ ပိုက်ဆံအိတ်ထဲဆက်မထည့်ထားပါနဲ့။ ဒါတွေကို ပိုက်ဆံအိတ်ထဲဆက်ထည့်ထားရင် အထဲကကြေနေတဲ့အမှုန့်တွေက ပိုက်ဆံအိတ်ထဲထွက်ကျပြီး ပေကုန်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။
ကျိုးပဲ့နေတဲ့နှုတ်ခမ်းနီတောင့်
ကျိုးပဲ့နေတဲ့ နှုတ်ခမ်းနီတောင့်ကို ပိုက်ဆံအိတ်ထဲထည့်ထားရင် နှုတ်ခမ်းနီတွေ အပြင်ထွက်ပြီး ပိုက်ဆံအိတ်အတွင်းသားမှာ ပေကုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အသုံးပြုပြီးသားဂွမ်းတံ
အသုံးပြုပြီးသားဂွမ်းတံတွေကို ချက်ချင်းမလွှင့်ပစ်ပဲ ပိုက်ဆံအိတ်ထဲထည့်သိမ်းထားတာဟာ ပိုက်ဆံအိတ် ညစ်ပတ်စေပါတယ်။
ဆေးကတ်အခွံ
မိန်းကလေးတော်တော်များများက ပိုက်ဆံအိတ်ထဲမှာ လိုလိုမယ်မယ် ဆေးကတ်လေးတွေ ဆောင်ထားတတ်ပါတယ်။ ဆေးကတ်ထဲမှာ ဆေးကုန်သွားရင်လည်း လွှင့်ပစ်ဖို့ကိုမေ့နေတတ်ပါတယ်။ ဒီလိုဆေးကတ်အခွံကြီးကို လွှင့်မပစ်ပဲ ပိုက်ဆံအိတ်ထဲထည့်ထားတာက အိတ်မှာ ဆေးနံ့စွဲပါတယ်။ အိတ်ဖွင့်လိုက်တာနဲ့ ဆေးနံ့ကြီးထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။
ပီကေနဲ့ပီကေစက္ကူအခွံတွေ
ပီကေတွေကို ပိုက်ဆံအိတ်ထဲထည့်ထားတာကြာလာရင် ပီကေတွေအစိုပြန်ပြီး အိတ်ထဲမှာ ကပ်စေးစေးတွေဖြစ်ကုန်တာမျိုး၊ အပြင်ကိုထွက်ကုန်တာမျိုး၊ အနံ့စွဲကုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပီကေစက္ကူအခွံကို လွှင့်ပစ်ဖို့မေ့ပြီး ထည့်ထားမိတာလည်း ကြာလာရင် အနံ့စွဲတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဖြတ်ပိုင်းစာရွက်တွေ
ဖြတ်ပိုင်းစာရွက်တွေ၊ ဗောက်ချာတွေဆိုရင် အိတ်ထဲအကုန်ပြုံပြီး ထည့်ထားတတ်ကြပါတယ်။ ဒီလိုထည့်ထားတာက အိတ်ထဲမှာရှုပ်ပွနေတာပဲရှိပါတယ်။ ဒါကြောင့် မလိုအပ်တာတွေကို အိတ်ထဲကနေထုတ်ပြီးလွှင့်ပစ်ပါ။
လက်သည်းလုပ်တဲ့ Metal nail file
လက်သည်းလုပ်တဲ့ Metal nail file ကို ပိုက်ဆံအိတ်ထဲထည့်ထားတာက မတော်တဆ အိတ်ပေါက်ပြီးထိုးမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လက်သည်း၊ ခြေသည်းကို ကလော်တာ၊ တိုက်တာတွေ လုပ်တဲ့ဟာဖြစ်လို့ ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေကပ်နေနိုင်ပါတယ်။ ဒါကြောင့် ပိုက်ဆံအိတ်ထဲ ထည့်မထားတာပိုကောင်းပါတယ်။
Source:www.brightside.me