အရမ်းချစ်ကြတဲ့သူတွေဆိုရင် ရည်းစားဟောင်းကို မေ့ပစ်ဖို့ခက်ကြပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တိုက်ဆိုင်မှုရှိလာတိုင်းမှာ အကြာကြီး လွမ်းဆွတ်နေတတ်ကြပါတယ်။ ဒီလိုလွမ်းတာက ကိုယ့်ကိုယ်ကို ပင်ပန်းစေတာပါပဲ။ ဒါကြောင့် ရည်းစားဟောင်းကို လွမ်းလာတဲ့အခါမှာ ဒီအရာတွေကို လုပ်ကြည့်လိုက်ပါ။ စိတ်ပြေလက်ပျောက်ဖြစ်ပြီး လွမ်းတာမျိုးတွေလည်း လျော့နည်းသွားပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့ဒိတ်လုပ်ပြီးပျော်ပါးလိုက်ပါ

တစ်ယောက်ထဲနေပြီးလွမ်းနေမယ့်အစား သူငယ်ချင်းတွေနဲ့ဒိတ်ပြီး စကားတွေပြော၊ စားသောက်ပြီး ပျော်ပါးနေလိုက်ပါ။ လွမ်းတဲ့စိတ်တွေ ပျောက်သွားပါလိမ့်မယ်။

လေ့ကျင့်ခန်းများများလုပ်ပါ

လေ့ကျင့်ကိုများများလုပ်ပေးခြင်းက လေ့ကျင့်ခန်းလုပ်တဲ့ဆီပဲ စိတ်ရောက်စေတဲ့အတွက် လွမ်းတာတွေ၊ သူ့အကြောင်းတွေးမိနေတာတွေ ပျောက်ပြီး စိတ်တည်ငြိမ်သွားပါလိမ့်မယ်။

အရမ်းဝါသနာပါတဲ့အရာကိုလုပ်ပါ

ကိုယ်အရမ်းဝါသနာပါတဲ့အရာကို လုပ်နေရရင် လူတိုင်းကပျော်ပါတယ်။ စိတ်ဝင်စားမှုလည်း ရှိပါတယ်။ အဲ့ထဲမှာပဲ စိတ်နှစ်ပြီးနေနိုင်ပါတယ်။ ဒါဆိုရင် တခြားသူအကြောင်း တွေးမိတဲ့အချိန်တွေ လျော့နည်းလာပြီး လွမ်းဆွတ်တမ်းတနေတာမျိုးတွေလည်း လျော့သွားမှာပါ။

အမှတ်တရတွေသိမ်းမထားပါနဲ့

ကိုယ်က အရမ်းချစ်ခဲ့လို့ အမှတ်တရတွေကို မဖျက်ဆီးနိုင်ရင် ဒါတွေမြင်တိုင်း လွမ်းနေမိမယ်၊ ခံစားနေရပါမယ်။ ဒါကြောင့် ခဏခဏလွမ်းနေမိတယ်၊ သူ့အကြောင်းတွေကို မမေ့နိုင်ပဲ တွေးနေမိတယ်ဆိုရင်တော့ သူနဲ့ပတ်သက်တဲ့အမှတ်တရတွေ အားလုံးကိုသာ မမြင်ရတော့အောင် ဖျက်ဆီးပစ်လိုက်ဖို့ပဲ ရှိပါတော့တယ်။

Photo source: www.freepik.com