သင့်အနေနဲ့ မမေ့နိုင်တဲ့သူတစ်ယောက် ရှိနေတယ်၊ မဖြစ်နိုင်တော့တာ သိရက်နဲ့လည်း သူ့အကြောင်းတွေတွေးနေတာကို မရပ်တန့်နိုင် ဖြစ်နေတယ်ဆိုရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားအောင်၊ မတွေးဖြစ်တော့အောင် ဒီအရာတွေကို လုပ်ကြည့်လိုက်ပါ။

တခြားသူတွေနဲ့အချိန်ကုန်ဆုံးပါ

တစ်ယောက်ထဲနေရင် ပိုတွေးဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်ထဲမနေပဲ တခြားသူတွေနဲ့ အချိန်ကုန်ဆုံးပါ။ သူငယ်ချင်း၊ မိတ်ဆွေနဲ့ လျှောက်သွားတာမျိုး၊ ပျော်ပါးတာမျိုးတွေ လုပ်ကြည့်ပါ။ သူတို့နဲ့အချိန်ကုန်နေရင် သူ့အကြောင်းတွေလည်း တွေးဖြစ်တော့မှာ မဟုတ်ပါဘူး။

အသစ်တွေလုပ်ကြည့်ပါ

မလုပ်ဖူးသေးတဲ့အရာတွေ လုပ်ကြည့်တာမျိုး၊ ဝါသနာအသစ်တွေရှာပြီး try ကြည့်တာမျိုး၊ ကိုယ့်ကိုစကားလာပြောတဲ့ လူသစ်တွေနဲ့ စကားပြောကြည့်တာမျိုး လုပ်ပါ။ တစ်ယောက်ထဲမနေပါနဲ့။ စိတ်ပြေလက်ပျောက်ဖြစ်ပြီး အတွေးတွေလည်း လျော့နည်းလာပါလိမ့်မယ်။

Workout လုပ်ပါ

တစ်ချိန်လုံး သူ့အကြောင်းပဲတွေးနေမိတယ်ဆိုရင် အားတဲ့အချိန်မှာ တွေးချိန်မရှိအောင် workout လုပ်ပါ။ တွေးချိန်မရှိတော့သလို စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။ စိတ်ပေါ့ပါးစေပါတယ်။

ခရီးသွားပါ

စိတ်ပြေလက်ပျောက်နဲ့ စိတ်သစ်လူသစ်ဖြစ်အောင် ခရီးသွားပါ။ ခရီးသွားတာက စိတ်ကိုကုစားပေးနိုင်တဲ့ အကောင်းဆုံးအရာတစ်ခုပါပဲ။

Online class တက်ပါ

အားနေရင် ပိုပြီးတွေးဖြစ်ပါတယ်။ ဒါကြောင့် တွေးရမယ့်အချိန်မရှိအောင်၊ ကိုယ့်အတွက်လည်း အကျိုးရှိအောင် online class တစ်ခုခုတက်ကြည့်ပါ။

အိမ်မွေးတိရိစ္ဆာန်မွေးပါ

အိမ်မွေးတိရိစ္ဆာန်လေးတွေ ချစ်တတ်တယ်ဆိုရင် ခွေး၊ ကြောင် စတာတွေကို မွေးကြည့်ပါ။ စိတ်ပျော်ရွှင်ကြည်နူးမှု ရစေပါတယ်။ သူတို့လေးတွေက ကိုယ့်အတွက် သံယောဇဉ်အသစ်လေးတွေ ဖြစ်လာပါလိမ့်မယ်။