တချို့တွေကျတော့ ရည်းစားနဲ့ရန်ဖြစ်ထားပြီဆိုရင် စိတ်ညစ်ပြီးငိုတာ၊ စိတ်ဆင်းရဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ စုံတွဲတိုင်းမှာ အဆင်မပြေတာ၊ ရန်ဖြစ်ရတာတွေက ရှိပါတယ်။ အချိန်တန်ရင် ပြန်အဆင်ပြေသွားကြတာပဲ များပါတယ်။ ဒါကြောင့် အကြီးအကျယ်ကို ပြတ်လောက်တဲ့အထိ ဖြစ်ထားကြတာမဟုတ်ရင် အများကြီးမတွေးပါနဲ့။ စိတ်မညစ်ပါနဲ့။ ခဏပါပဲ။ ရည်းစားနဲ့ရန်ဖြစ်ထားလို့ ဒီလိုထိုင်ပြီး စိတ်ညစ်နေမယ့်အစား၊ ပူဆွေးနေမယ့်အစား ဒီအရာတွေကိုလုပ်ကြည့်ပါ။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်တာက စိတ်တည်ငြိမ်စေတယ်၊ အတွေးတွေမပြန့်လွှင့်အောင်လည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ကိုယ်ဖတ်နေတဲ့စာထဲ စိတ်ပါဝင်စားမှုရှိသွားရင် အချိန်ကုန်လို့ကုန်သွားမှန်းတောင် မသိတော့ပါဘူး။ ဒီတော့ စိတ်ညစ်စရာတွေလည်း မတွေးမိတော့ဘူးပေါ့။

ရုပ်ရှင်ကြည့်ပါ

ရည်းစားနဲ့ရန်ဖြစ်ထားလို့ ထိုင်ပြီးစိတ်ညစ်နေမယ့်အစား ရုပ်ရှင်တွေကြည့်ပါ။ ဟာသကားတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတွေ ထိုင်ကြည့်နေပါ။ Social Media သိပ်မကြည့်ပါနဲ့။

သူငယ်ချင်းတွေနဲ့တွေ့ပါ

ရည်းစားနဲ့ရန်ဖြစ်ထားချိန်၊ ရည်းစားနဲ့ပြတ်သွားတဲ့အချိန်မှာ သူငယ်ချင်းတွေကအားဆေးပါပဲ။ သူတို့နဲ့တွေ့ရင် ကိုယ်ရင်ဖွင့်ချင်တာရင်ဖွင့်ပြီး စိတ်ပေါ့သွားအောင်နေလို့ရတယ်။ ရီစရာတွေပြောပြီး ကိုယ့်ကိုပျော်အောင်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့တွေ့ပြီး စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ပါ။

သီချင်းဆိုပါ

သီချင်းဆိုလိုက်ရင် စိတ်ညစ်စရာတွေမေ့ပြီး စိတ်ပေါ့ပါးသွားပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သီးချင်းစုဆိုပါ။

photo source: www.freepik.com