အကြောင်းတစ်ခုခုကြောင့် ဝမ်းနည်းလာတဲ့အခါ ဘာမှမလုပ်ပဲ ထိုင်စဉ်းစားနေရင်၊ တွေးနေရင် ပိုပြီးဝမ်းနည်းလာမှာ၊ စိတ်ညစ်လာမှာပါ။ တစ်ချိန်လုံးကြီး ဝမ်းနည်းနေလို့လည်း မဖြစ်ပါဘူး။ ဝမ်းနည်းနေတာတွေပျောက်ပြီး ပြန်ပျော်ရွှင်လာအောင် လုပ်ရပါမယ်။ ဒါကြောင့် ဝမ်းနည်းနေတဲ့စိတ်ကို ဒီအရာတွေနဲ့ ဖြေဖျောက်ကြည့်လိုက်ပါ။

ရယ်စရာတွေကြည့်ပါ

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဝမ်းနည်းနေပြီဆိုရင် ရယ်စရာတွေထိုင်ကြည့်နေပါ။ ရယ်မောရင်းနဲ့ ဝမ်းနည်းတာတွေ ပြေပျောက်သွားပြီး စိတ်သက်သာရာရသွားမှာပါ။ ဝမ်းနည်းနေတဲ့စိတ်က အကုန်လုံးပျောက်မသွားရင်တောင် လျော့ကျသွားပါလိမ့်မယ်။

တစ်ယောက်ထဲမနေပါနဲ့

ဝမ်းနည်းနေတဲ့အချိန်မှာ တစ်ယောက်ထဲနေရင် လျှောက်တွေးနေမိပြီး ပိုခံစားရပါတယ်။ တစ်ချိန်လုံးတွေးပြီး ငိုနေမိမှာပါ။ ဒါကြောင့် တစ်ယောက်ထဲမနေပဲ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားပြော၊ လျှောက်သွား၊ မုန့်တွေသွားစားပါ။ စိတ်သက်သာရာရပြီး စိတ်ပေါ့သွားမှာပါ။ စိတ်က အလိုလိုပျော်ရွှင်လာမှာပါ။

လုပ်ချင်တာတွေလုပ်ပါ

ကိုယ့်စိတ်ထဲမှာရှိတာတွေ၊ ကိုယ်လုပ်ချင်တာတွေကို လုပ်လိုက်ရရင် ကျေနပ်ပြီး စိတ်ကျေနပ်ရပါတယ်။ ဝမ်းနည်းနေတဲ့စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းနည်းနေချိန်မှာ ဘာမှမလုပ်ပဲနေတာထက်စာရင် ကိုယ်လုပ်ချင်တာလေးတွေ လုပ်ပြီးနေလိုက်တာက အကောင်းဆုံးပါပဲ။

ခံတွင်းတွေ့တာတွေလျှောက်စားပါ

ဝမ်းနည်းနေချိန်မှာ ခံတွင်းတွေ့တာ စားကောင်းတာတွေကို လျှောက်စားပါ။ အရသာရှိတာတွေ စားလိုက်ရရင် စိတ်ပျော်ရွှင် ကျေနပ်မှု ရစေတာကြောင့် ဝမ်းနည်းတာတွေ လျော့ကျသွားစေပါတယ်။

အချိန်ရရင်ခရီးသွားပါ

စိတ်ထိခိုက်စရာ အကြောင်းအရာ တစ်ခုခုကြောင့် ဝမ်းနည်းနေတာဆိုရင် ခရီးသွားလိုက်ပါ။ အချိန်ရရင် ခရီးသွားပြီး စိတ်အပန်းဖြေလိုက်ပါ။ အချိန်မရတဲ့သူဆိုရင် road trip လေးသွားတာဖြစ်ဖြစ်၊ နေ့ချင်းပြန် အပန်းဖြေခရီးလေးတွေ သွားကြည့်လိုက်ပါ။ စိတ်သစ်လူသစ်ဖြစ်ပြီး လန်းဆန်းသွားပါလိမ့်မယ်။