တချို့တွေက ကိုယ့်ချစ်သူနဲ့ပတ်သက်လာရင် တစ်ခုခုဆို အတွေးလွန်တာ၊ Overthinking ဖြစ်တာမျိုး ရှိပါတယ်။ Overthinking ဖြစ်ရင် ကိုယ်ပဲစိတ်ပင်ပန်းရတယ်၊ စိတ်ထိခိုက် ဝမ်းနည်းရတယ်၊ တစ်ယောက်တည်း ဒေါသထွက်ရပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ပတ်သက်လာရင် Overthinking ဖြစ်တဲ့သူတွေ၊ အဖြစ်လွန်နေတဲ့သူတွေအတွက် လုပ်ကြည့်သင့်တဲ့အရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အရမ်းမတွေးပါနဲ့

အရမ်းတွေးရင် Negative ဆန်တာတွေ ခေါင်းထဲရောက်လာပြီး စိတ်ပင်ပန်းပါတယ်။ အကြောင်းအရာ တစ်ခုခုပေါ်လာပြီဆိုတာနဲ့ အကျယ်ချဲ့ပြီး တွေးနေတာမျိုးတွေကို ဆင်ခြင်သင့်ပါတယ်။ Overthinking ဖြစ်တာက လုံးဝမကောင်းပါဘူး။ ပျော်စရာတွေ ပျောက်ဆုံးစေပါတယ်။

ကိုယ့်အပေါ်နားလည်ပေးတဲ့သူကိုရင်ဖွင့်ပါ

ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး တစ်ယောက်တည်း Overthinking ဖြစ်နေမယ့်အစား ကိုယ့်အပေါ် အမြဲနားလည်ပေးနိုင်တဲ့သူကို ရင်ဖွင့်လိုက်ပါ။ ဒါဆိုရင် ခံစားရတာတွေပေါ့သွားပြီး အတွေးလည်းလွန်တော့မှာ မဟုတ်ပါဘူး။

မအားအောင်နေကြည့်ပါ

အစထဲက အတွေးလွန်တတ်တဲ့သူတွေက နည်းနည်းလေးအားပြီဆိုတာနဲ့ စတွေးတော့တာပါပဲ။ ဒါကြောင့် လျှောက်တွေးနေချိန်မရှိအောင် မအားအောင်နေပါ။ တစ်ခုမဟုတ်တစ်ခု လုပ်နေပါ။

တရားထိုင်ပါ၊ ယောဂကျင့်ပါ

တရားထိုင်တာ၊ ယောဂကျင့်တာက စိတ်တည်ငြိမ်စေတယ်၊ စိတ်အာရုံကို စုစည်းထားနိုင်ပါတယ်။ ဒါကြောင့်လည်း Overthinking မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

ရယ်စရာတွေကြည့်ပါ

Overthinking ဖြစ်ပြီး ထိုင်ဘူနေမယ့်အချိန်မှာ ရယ်စရာတွေကြည့်ပြီး ရယ်မောနေလိုက်ပါ။ စိတ်ရောကိုယ်ပါ Relax ဖြစ်ပြီး အဆင်ပြေသွားပါလိမ့်မယ်။ ခေါင်းထဲအတွေးတစ်ခုခုဝင်လာတာနဲ့ ဆက်မတွေးမိအောင် ဟာသတွေကြည့်ပြီး အာရုံပြောင်းပစ်လိုက်ပါ။