ပျင်းနေတဲ့အချိန်မှာ ကိုယ့်စိတ်ပျော်အောင်၊ အကျိုးရှိအောင် လုပ်လို့ရတဲ့ တခြားအရာတွေလည်း ရှိပါတယ်။ ဒါကြောင့် ပျင်းနေရင် အိပ်ယာခွေပြီးနေတာ၊ အိပ်နေတာမျိုးမဟုတ်ပဲ ဒီအရာတွေကို လုပ်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။
အကြိုက်ဆုံးသီချင်းတွေနားထောင်ပါ
ကိုယ်အကြိုက်ဆုံးသီချင်းတွေကို နားထောင်ပြီး ကခုန်နေတာဟာ စိတ်ရောလူပါ တက်ကြွလန်းဆန်းစေတယ်။ ပျော်ရွှင်စေပါတယ်။
အခင်ဆုံးသူငယ်ချင်းတွေကိုခေါ်ပါ
အခင်ဆုံးသူငယ်ချင်းတွေကိုခေါ်ပြီး မုန့်တွေစား၊ စကားတွေပြော၊ ဂိမ်းတွေဆော့ပြီး ကြိုက်သလိုနေပါ။ ပျင်းဖို့နေနေသာသာ အချိန်တွေတောင် ဘယ်လိုကုန်သွားမှန်းသိမှာ မဟုတ်ပါဘူး။
ဟာသတွေကြည့်ပါ
ပျင်းနေချိန်မှာ ပျော်ချင်ရင်၊ ရယ်မောချင်ရင် ဟာသဗီဒီယိုတွေ၊ ဟာသရုပ်ရှင်တွေကြည့်ပြီးသာ နေပါ။
စာအုပ်ဖတ်ပါ
ပျင်းတဲ့အချိန်မှာ ဝတ္ထုစာအုပ်တွေဖတ်တာက ပိုပြီးတော့ အပျင်းပြေပါတယ်။ ဝတ္ထုမကြိုက်ရင်တော့ ကိုယ့်အတွက် အကျိုးရှိစေမယ့်၊ စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်တွေကိုလည်း ဖတ်လို့ရသလို ဟာသစာအုပ်တွေလည်း ဖတ်လို့ရပါသေးတယ်။
ကိုယ့်အခန်းကိုသန့်ရှင်းရေးလုပ်ပါ
ပျင်းနေချိန်မှာ ဘယ်သူနဲ့မှလည်း မတွေ့ဘူးဆိုရင် အကျိုးရှိသွားအောင် ကိုယ့်အခန်းကိုသာ သန့်ရှင်းရေးလုပ်ပါ။ အိပ်ခန်းလေးပိုလှသွားအောင် အလှဆင်တာမျိုးလေးတွေ လုပ်ကြည့်ပါ။
မုန့်လုပ်စားကြည့်ပါ
အစားတလိုင်းလေးတွေကတော့ ပျင်းတယ်ဆိုရင် မုန့်လုပ်စားကြည့်ပါ။ ပျော်စရာကောင်းပါလိမ့်မယ်။
photo source: www.freepik.com