Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ပိုချစ်လာအောင်၊ အချိန်ကြာလာလည်း အချစ်တွေပိုတိုးလာအောင် လုပ်ပေးနိုင်မယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

သစ္စာရှိပါ

Relationship တစ်ခုမှာ အရေးအကြီးဆုံးက သစ္စာရှိဖို့ပါပဲ။ သစ္စာမရှိရင် ဘာကြီးပဲဖြစ်နေပါစေ ပိုချစ်လာနိုင်မှာမဟုတ်ပါဘူး။ တစ်ခုခုပြဿနာတက်ကြရင်တောင် သူကတော့ ငါအပေါ်ဖောက်ပြန်တာမျိုး လုံးဝမရှိဘူး၊ အမြဲသစ္စာရှိနေတာပဲဆိုတဲ့စိတ်နဲ့ အရာရာအဆင်ပြေသွားနိုင်ပါတယ်။ သစ္စာရှိမှ တစ်ယောက်နဲ့တစ်ယောက်လည်း ပိုချစ်လာမှာပါ။

ယုံကြည်မှုပါ

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမှ အရာရာအဆင်ပြေပြီး ပိုချစ်နိုင်မှာပါ။ ယုံကြည်မှုမရှိပဲ သံသယတွေများနေရင်၊ စွပ်စွဲတာတွေများနေရင်တော့ ပြဿနာဖြစ်ပြီး ရန်ဖြစ်စကားများတာမျိုးတွေနဲ့ပဲ စိတ်ညစ်နေရပါလိမ့်မယ်။

ချစ်တာကိုထုတ်ပြပါ

ချစ်တာကိုထုတ်မပြတတ်ရင် တစ်ဖက်လူက သူ့ကိုမချစ်ဘူးထင်နေမှာပါ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ချစ်တာကိုထုတ်ပြပါ။ ပျော်စရာကောင်းအောင် အမြဲဖန်တီးပါ။ ဂရုစိုက်ပြီး ကြင်နာပေးပါ။ ဒါဆိုရင်တော့ တစ်နေ့ထက်တစ်နေ့ ပိုတိုးပြီးချစ်လာမှာပါ။

နားလည်မှုရှိပါ

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရင် Relationship တစ်ခုက ပျော်စရာကောင်းပါတယ်။ နားလည်မှုမရှိရင် ခဏခဏ ပြဿနာတွေတက်ပြီး စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေ ဖြစ်လာပါလိမ့်မယ်။

ကတိတည်ပါ

ပေးထားတဲ့ကတိကို ဘယ်တော့မှ မဖောက်ဖျက်ပါနဲ့။ ကတိတည်ပါ။ အမြဲကတိတည်ရင် ယုံကြည်မှုက အလိုလိုရလာပါတယ်။ ကတိမတည်ရင် ပြဿနာတွေတက်၊ ရန်ဖြစ်စကားများနေတာနဲ့ပဲ ငြီးငွေ့စရာကောင်းနေမှာပါ။

အမှတ်တရတွေဖန်တီးပါ

Relationship တစ်ခုမှာ ပျော်စရာတွေ၊ အမှတ်ရစရာတွေ များများဖန်တီးပေးပါ။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိပြီး ကြင်ကြင်နာနာပြောဆိုဆက်ဆံပါ။