အသားအရေကြမ်းတမ်းပြီး ခြောက်သွေ့နေတဲ့သူတွေ၊ အသားအရေ ချောမွေ့ပြီး Smooth ဖြစ်ချင်တဲ့သူတွေအတွက် ပုံမှန်လုပ်ပေးဖို့လိုတဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကိုသာ ပုံမှန်လုပ်ပေးပြီး ဂရုစိုက်မယ်ဆိုရင် အသားအရေက ချောမွေ့ပြီး စိုပြည်နေမှာ သေချာပါတယ်။

Exfoliate

အနည်းဆုံး တစ်ပတ်တစ်ကြိမ် Exfoliate Scrub လုပ်ပေးတာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေ နူးညံ့ချောမွေ့လာစေပါတယ်။ အသားအရေ ကြည်လင်စေပါတယ်။

Moisturizing Body Wash

ရေချိုးတဲ့အခါမှာ ဆပ်ပြာကို အခဲမသုံးပဲ အရည်သုံးပေးပါ။ ဆပ်ပြာကြောင့်လည်း အသားခြောက်တတ်ပါတယ်။ အသားခြောက်ရင် အသားအရေ ကြမ်းတမ်းလာပါတယ်။ ဒါကြောင့် သုံးတဲ့အခါမှာလည်း Moisturizing Body Wash မျိုးကို ရွေးသုံးပေးပါ။

ရေချိုးပြီးတာနဲ့ Lotion တန်းလိမ်းပါ

ရေချိုးပြီး အကြာကြီးနေမှ Lotion လိမ်းတာမျိုးမလုပ်ပါနဲ့။ ချိုးပြီးတာနဲ့ ရေသုတ်ပြီး ချက်ချင်းလိမ်းပေးပါ။ အသားထဲစိမ့်ဝင်အောင် သေချာလိမ်းပေးပါ။

Sunscreen

Sunscreen မလိမ်းရင် နေလောင်ပြီး အသားအရေ ပျက်စီးလာမယ်၊ အသားအရေ ကြမ်းတမ်းခြောက်သွေ့လာပါမယ်။ ဒါကြောင့် နေပူထဲသွားတိုင်း Sunscreen လိမ်းပေးဖို့ မမေ့ပါနဲ့။

Body Butter လိမ်းပါ

ညအိပ်ယာဝင်ခါနီးရင် ဆေးကြာပြီး Body Butter ထပ်လိမ်းပေးပါ။ Body Butter လိမ်းပေးတာက အသားအရေကို Deep Nourish ဖြစ်စေလို့ အသားအရေ စိုပြည်ချောမွေ့စေပါတယ်။

ရေများများသောက်ပါ

အသားအရေ စိုပြည်ချင်တယ်၊ အသားအရေနူးညံ့ချောမွေ့ချင်တယ်၊ အသားကြည်ချင်တယ်ဆိုရင် ရေသာများများသောက်ပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝရင် အသားအရေလည်း ထိခိုက်စေပါတယ်။ အသားအရေမွဲခြောက်စေတယ်၊ မျက်ကွင်းညိုစေတယ်၊ အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့လည်း လိုပါတယ်။