Emotion ဖြစ်လွယ်တဲ့သူတွေက တစ်ခုခုဆိုရင် သူများထက်ပိုပြီး စိတ်ခံစားလွယ်တယ်၊ ဝမ်းနည်း အားငယ်တတ်ကြပါတယ်။ တစ်ခုခုဆိုရင်လည်း စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ သူများဆီကနေ ဂရုစိုက်မှုကိုလည်း လိုချင်ကြတဲ့သူတွေပေါ့။ ဒါကြောင့်လည်း သူများထက်ပိုပြီး စိတ်ပင်ပန်းရတယ်၊ ခံစားရပါတယ်။ ကိုယ်က Emotion ဖြစ်လွယ်တဲ့သူဆိုရင် ဒီအရာတွေကို ပုံမှန်လုပ်ကြည့်ပါ။ စိတ်ခံစားမှုတွေ အဆင်ပြေလာမယ်၊ ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်နိုင်လာပါမယ်။

တရားထိုင်ပါ

တရားထိုင်တာက အရမ်းစိတ်တည်ငြိမ်ပြီး အေးချမ်းစေပါတယ်။ ကိုယ်က Emotion ဖြစ်လွယ်တဲ့သူ၊ တစ်ခုခုဆို ထစ်ခနဲရှိ ဒေါသထွက်ပြီး စိတ်တိုတတ်တဲ့သူဆိုရင် နေ့တိုင်း အချိန်ပေးပြီး တရားထိုင်ကြည့်ပါ။ အချိန်ကြာကြာထိုင်နိုင်လေ ကောင်းလေပါပဲ။

ယောဂကျင့်ပါ

လေ့ကျင့်ခန်းလုပ်ရတာ ဝါသနာပါတဲ့သူဆိုရင် ယောဂကျင့်ပါ။ ယောဂကျင့်တာကလည်း စိတ်တည်ငြိမ်စေလို့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ပါတယ်။ မနက်စောစောထပြီး ယောဂကျင့်ရင် စိတ်ရောလူပါ လန်းဆန်းစေပါတယ်။

အာရုံစိုက်ပြီးလုပ်ရတဲ့အရာကိုလုပ်ပါ

Emotion ဖြစ်လွယ်တဲ့သူက စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ တစ်ချိန်လုံးကြီး တရားထိုင်၊ ယောဂကျင့်နေဖို့ကလည်း အဆင်မပြေပါဘူး။ ဒီတော့ အားနေတဲ့အချိန်တွေမှာ အာရုံစိုက်ပြီးလုပ်ရတဲ့အရာ တစ်ခုခုကို လုပ်ကြည့်ပါ။ အာရုံစူးစိုက်ပြီးလုပ်နေရင် စိတ်တည်ငြိမ်စေပါတယ်။ လျှောက်တွေးနေချိန် မရှိတော့ပါဘူး။

ကိုယ့်ကိုမလိုတဲ့သူတွေနဲ့ဝေးဝေးနေပါ

Emotion ဖြစ်လွယ်ရင် ကိုယ့်ကိုမလိုအပ်တဲ့သူ၊ ကိုယ့်ကို စိတ်အနှောင့်အယှက် ပေးမယ့်သူတွေအနားမှာ လုံးဝမနေပါနဲ့။ သူတို့ကြောင့် စိတ်ခံစားချက် ပိုဆိုးသွားပါလိမ့်မယ်။ စိတ်ဒဏ်ရာလည်း ပိုရနိုင်ပါတယ်။ ဒီတော့ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊ ကိုယ့်ကိုချစ်တဲ့သူတွေ အနားမှာပဲနေပြီး သူတို့နဲ့ပဲ အချိန်ကုန်ဆုံးတာက ကိုယ့်အတွက် အကောင်းဆုံးပါပဲ။