Stay Home နေပြီး ပျင်းနေတဲ့သူတွေအတွက် အပျင်းလည်းပြေပြီး ကိုယ့်အတွက် အကျိုးလည်းရှိစေမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။ Stay Home ကာလမှာ အိပ်လိုက်၊ စားလိုက်၊ ဖုန်းသုံးလိုက် လုပ်တာထက်စာရင် ဒါလေးတွေကိုလုပ်ရင်းနဲ့ အချိန်ကုန်ဆုံးတာ ပိုအကျိုးရှိပါလိမ့်မယ်။

Online Class တွေတက်ပါ

အခုချိန်မှာ တော်တော်များများက ဘာသာစကားနဲ့ပတ်သက်ပြီးတော့ Online Class တွေနဲ့ ပညာဒါန လုပ်ပေးနေတာ ရှိပါတယ်။ ဒါတွေကို လိုက်တက်ပါ။ အင်တာနက်ကနေ ရှာပါ။ ပိုပြီးတော့ လေ့လာပါ။ သေချာလိုလိုချင်ချင်နဲ့လုပ်မယ်ဆိုရင် ကိုယ့်အတွက် အများကြီး အကျိုးရှိပါတယ်။

ချက်ပြုတ်နည်းတွေသင်ပါ

Online ကနေ ဟင်းချက်နည်းတွေ တင်ပေးထားတာကို လေ့လာပြီး လိုက်ချက်ကြည့်ပါ။ ပိုပြီးလေ့လာချင်ရင် Youtube ကနေလည်း လေ့လာလို့ရပါတယ်။

စာဖတ်ပါ

စာဖတ်တာက ကိုယ့်အတွက် အများကြီးအကျိုးရှိတယ်ဆိုတာ အားလုံးလည်း သိပါတယ်။ Stay Home ကာလာမှာ တစ်နေ့တစ်အုပ်ပြီးအောင် စာဖတ်ပါ။

ယောဂကျင့်၊ လေ့ကျင့်ခန်းလုပ်ပါ

Stay Home ကာလမှာ အိမ်မှာနေပြီး ပိုလှလာအောင်၊ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာလာအောင် ယောဂကျင့်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ တရားထိုင်ပါ။

Photo Source: www.freepik.com