တခြားသူကိုဖက်တွယ်ပြီးနေတာထက်စာရင် တစ်ယောက်ထဲနေတတ်တာက ပိုပြီးကောင်းပါတယ်။ အထီးကျန်ပြီး စိတ်အားငယ်တာတွေ၊ စိတ်ဆင်းရဲရတာတွေလည်း ပိုပြီးလျော့နည်းစေပါတယ်။ ဒီလိုတစ်ယောက်ထဲနေတတ်ဖို့ဆိုတာလည်း ထင်သလောက်တော့မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကိုပြင်ဆင်ရင်းနဲ့ပဲ နေသားကျ၊ အဆင်ပြေသွားမှာပါ။ ဒါကြောင့် တစ်ယောက်ထဲနေသားကျလာစေဖို့ ကိုယ်တိုင်အကျင့်လုပ်ပေးရမယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အလုပ်များများလုပ်ပါ

အလုပ်ကိုကြိုးစားပြီး အလုပ်များများလုပ်ရင် ပိုက်ဆံလည်းရသလို ကိုယ့်ဘဝအတွက်လည်း တိုးတက်ဖို့လမ်းကြောင်းတွေ၊ အခွင့်အလမ်းတွေ အများကြီးရသွားစေပါတယ်။ အတွေးတွေများပြီး depression မဝင်အောင်လည်း ထိန်းချုပ်ပေးနိုင်ပါသေးတယ်။

ပိုက်ဆံစုပါ

ပိုက်ဆံစုပြီး ပမာဏများလာတဲ့အခါမှာ ပျော်ရွှင်ရပါတယ်။ ကိုယ်လိုချင်တာတွေလည်း ဝယ်နိုင်သလို ကိုယ်စုထားတဲ့ငွေတွေများလေ စိတ်ပျော်ရွှင်ကြည်နူးရလေပါပဲ။

ကိုယ်တိုင်ချက်ပြုတ်ပါ

တစ်ယောက်ထဲနေသားကျလာစေဖို့ဆိုရင် ကိုယ်တိုင်ချက်ပြုတ်တတ်ဖို့ကလည်း လိုပါသေးတယ်။ ကိုယ်စားချင်တာ ကိုယ်တိုင်ချက်ပြီး ကိုယ့်အားကိုယ်ကိုးရပါမယ်။ မလုပ်တတ်တာ ဘာမှမရှိအောင် ကြိုးစားပြင်ယူရပါမယ်။

စာဖတ်ပါ

အဖော်မရှိလည်း စာအုပ်တွေရှိရင်ရပြီဆိုတဲ့စိတ်မျိုး ဖြစ်လာတဲ့အထိ စာဖတ်ခြင်းကို ချစ်မြတ်နိုးပါ။ စာများများဖတ်လေ ကိုယ့်အတွက်အကျိုးရှိလေပါပဲ။ စိတ်ပိုင်းဆိုင်ရာလည်း အများကြီး ပြောင်းလဲတိုးတက်သွားစေပါတယ်။ စာအုပ်ရှိနေရင် တစ်ယောက်ထဲလည်း အပျင်းပြေပါတယ်။

တစ်ယောက်ထဲသွားလာပါ

တစ်ယောက်ထဲနေသားကျအောင် နေတတ်ဖို့အတွက် အရာရာကို ဘယ်သူ့မှအားမကိုးပဲ တစ်ယောက်ထဲလုပ်ဆောင်ပြီး တစ်ယောက်ထဲသွားလာပါ။ အဖော်မမက်ပါနဲ့။ အဖော်မပါပဲ တစ်ယောက်ထဲမုန့်သွားစားတာ၊ ခရီးထွက်တာမျိုးတွေလည်း လုပ်ကြည့်ပါ။

ကိုယ့်ကိုယ်ကိုပိုချစ်ပါ

တစ်ယောက်ထဲနေသားကျအောင် နေတတ်ဖို့နဲ့ ဘယ်သူ့ကိုမှ မလိုအပ်ဘူးဆိုတဲ့စိတ်မျိုး ရှိနေအောင် ကိုယ့်ကိုယ်ကိုပိုချစ်ပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။

photo source:www.freepik.com