လူတွေက အမြဲပြောင်းလဲတတ်ကြပါတယ်။ ကိုယ်က လူတစ်ယောက်အပေါ်မှာ စိတ်နှစ်ထားမိလိုက်ရင် သူတို့ပြောင်းလဲသွားတဲ့အခါမှာ ပိုပြီးတော့ခံစားရပါတယ်။ ရည်းစားတွေဖြစ်မှမဟုတ်ပါဘူး။ ရည်းစားမဖြစ်သေးပဲ၊ ဖွင့်မပြောရသေးပဲ တစ်ယောက်နဲ့တစ်ယောက် သဘောကျနေကြတဲ့အချိန်မှာတောင် ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလို လူတစ်ယောက်က ကိုယ့်အပေါ်မှာ စိတ်ဝင်စားမှုမရှိတော့ဘူးဆိုရင်၊ သဘောမကျတော့ဘူးဆိုရင် ပြောင်းလဲလာတဲ့အချက်တွေကလည်း အရမ်းသိသာပါတယ်။

အရင်ကလိုကိုယ့်ကို်ဂရုမစိုက်တော့ဘူး

အရင်ကကိုယ်နဲ့ပတ်သက်လာရင် အသေးစိတ်လေးကအစ လိုက်ဂရုစိုက်ပြီးပြောတတ်ပေမယ့် ကိုယ့်အပေါ်မှာ စိတ်ဝင်စားမှုမရှိတော့တဲ့အခါ အရင်လို ဂရုစိုက်မနေတော့ဘူး။ စစချင်းမှာတော့ ဂရုစိုက်မှုတွေက လျော့လာတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ လုံးဝဂရုမစိုက်တော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

စကားပြောတာတွေကပြောင်းလဲလာမယ်

အရင်က သူနဲ့စကားပြောရတာ ကိုယ့်အတွက်ပျော်စရာကောင်းတယ်၊ စိတ်ချမ်းသာရတယ်။ နောက်ပိုင်းမှာတော့ တဖြေးဖြေးနဲ့ အရင်လို ပျော်စရာမကောင်းတော့ဘူး။ သူ့ရဲ့စကားပြောပုံတွေကလည်း ပြောင်းလဲလာမယ်။ တဖြေးဖြေးနဲ့ပြောင်းလဲလာပြီးရင် ထွက်သွားနိုင်တာမို့ ကိုယ့်ဘက်က အရမ်းစိတ်မနှစ်ထားပါနဲ့။

အရင်လောက်ကိုယ်နဲ့အချိန်မကုန်ဆုံးတော့ဘူး

အရင်က တစ်ချိန်လုံး ကိုယ်နဲ့ပဲစကားပြော၊ ကိုယ်နဲ့ပဲအချိန်တွေ အများကြီး ကုန်ဆုံးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကိုယ်နဲ့စကားပြောချိန်တွေက တဖြေးဖြေးလျော့လာပါလိမ့်မယ်။

ကိုယ်နဲ့ပတ်သက်ပြီးတော့လည်းအရင်လောက်စိတ်မဝင်စားတော့ဘူး

အရင်က တစ်ခုခုဆို ကိုယ်နဲ့ပတ်သက်ပြီး သူအမြဲသိချင်တယ်၊ စိတ်ဝင်စားခဲ့သလောက် နောက်ပိုင်းမှာတော့ အရင်လိုလည်း လိုက်မမေးတော့ဘူး။ သိပ်ပြီးလည်း စိတ်မဝင်စားတော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

စကားနားမထောင်တော့ဘူး

အရင်က ကိုယ်ပြောသမျှနားထောင်ပြီး ကိုယ်စိတ်ဆိုးသွားမှာကိုကြောက်ပေမယ့် နောက်ပိုင်းမှာတော့ သင်ပြောတာကိုလည်း နားမထောင်တော့ဘူး။ သူလုပ်ချင်သလိုလုပ်လာမယ်။ မေးလိုက်တိုင်းမှာလည်း စကားကိုရှောင်ပြောမယ်။ သင်စိတ်ဆိုးစိတ်ကောက်ရင်လည်း အဖတ်မလုပ်တော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Photo Source: www.pinterest.com