အခုမှ ရည်းစားစဖြစ်ခါစဆိုရင် ပျော်ရွှင်စရာ Relationship တစ်ခုဖြစ်အောင် စတင်တည်ဆောက်ရမှာပါ။ အဲ့ဒီအချိန်မှာ စိတ်ပျက်သွားအောင် လုပ်လို့တော့မဖြစ်ပါဘူးနော်။ ဒါကြောင့် ရည်းစားစဖြစ်တဲ့အချိန်မှာ မလုပ်သင့်တဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

အရာရာလိုက်မချုပ်ချယ်ပါနဲ့

စတွဲခါစမှာကတည်းက အရာရာကိုလိုက်ပြောပြီး ချုပ်ချယ်နေတာမျိုးက မလုပ်သင့်ပါဘူး။ စတွဲတာနဲ့ စပြီးမွန်းကြပ်လာရပြီဆိုတဲ့ စိတ်မျိုးဝင်လာအောင် မလုပ်မိပါစေနဲ့။ တော်တော်များများက အစပိုင်းမှာ သိပ်ပြီး သံယောဇဉ်မတွယ်သေးတဲ့အတွက် လိုက်ချုပ်ချယ်ပြီး တားမြစ်နေလည်း ခိုးလုပ်တာမျိုးတွေ ရှိလာမှာပါ။ ဒါကြောင့် အစပိုင်းတော့ ဘာမှသိပ်မပြောပါနဲ့။ ဒီတိုင်းလေးပဲ နားလည်ပေးလိုက်ပါ။

သူငယ်ချင်းကိစ္စတွေဝင်မစွက်ဖက်ပါနဲ့

သူ့အပေါင်းအသင်း သူငယ်ချင်းတွေကို လိုက်ဝေဖန်ပြီး ဟိုလူနဲ့မပေါင်းနဲ့ ဒီလူနဲ့သွားလာတာမျိုး မလုပ်နဲ့ဆိုတာမျိုးတွေ ပြောဆိုတာမျိုးက အဆင်မပြေပါဘူး။ စတွဲခါစဆိုတော့ သူငယ်ချင်းဆိုတာက ကိုယ်နဲ့မတွေ့ခင်ထဲက ပေါင်းလာတဲ့သူတွေဖြစ်တဲ့အတွက် ဒါမျိုးသွားပြောရင် ကြိုက်ကြမှာ မဟုတ်ပါဘူး။ စတွဲခါစမှာထဲက ကိုယ့်ကို စိတ်ပျက်သွားစေတာမျိုး မဖြစ်ပါစေနဲ့။

ကိုယ့်စိတ်တိုင်းကျမပြောင်းလဲခိုင်းပါနဲ့

အခုမှစတွဲတာကို ကိုယ့်စိတ်တိုင်းကျ တစ်ခုပြီးတစ်ခု လိုက်ပြောင်းလဲခိုင်းနေတာမျိုး လုံးဝမလုပ်မိပါစေနဲ့။ အစပိုင်းမို့ သည်းခံနေရင်တောင်မှ နည်းနည်းလေး လပိုင်းလောက်ကြာလာတာနဲ့ စိတ်ပျက်တာ၊ ပြဿနာရှာတာတွေ ဖြစ်လာမှာပါ။ သူများစိတ်တိုင်းကျ လိုက်နေပေးချင်တဲ့သူက မရှိပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ်ပဲ နေချင်ကြတာပါ။ ဒါကြောင့် ပြောမရရင် ကိုယ်တိုင်လည်း စိတ်ပင်ပန်းရသလို တစ်ဖက်လူအတွက်လည်း မွန်းကြပ်စရာ ဖြစ်စေပါတယ်။

Privacy တွေကို အတင်းမမေးပါနဲ့

အခုမှရည်းစားစဖြစ်တာကို ဖုန်းတွေယူစစ်လိုက်၊ Password တွေတောင်းလိုက်၊ မပြောချင်တဲ့ အတွင်းရေးကိစ္စတွေကို အတင်းလိုက်မေးလိုက်နဲ့ မလုပ်ရပါဘူး။ သူများ Privacy ကို အတင်းကြီးလိုက်မေးနေတာမျိုးတွေ၊ ချိုးဖောက်တာမျိုးတွေက မလုပ်သင့်တဲ့အချက်တွေပါ။ ဒီအချက်တွေက ကြာလာလေ Relationship ကို ထိခိုက်လာနိုင်တာကြောင့် သတိထားဖို့လိုပါတယ်။