တချို့ကတော့ ရေချိုးခန်းထဲမှာ ပစ္စည်းတွေ သိပ်မထားတတ်ပေယ့် တချို့ကျတော့ ရေချိုးခန်းကျယ်တာနဲ့ ပစ္စည်းတော်တော်များများကို ထည့်ထားတတ်ကြပါတယ်။ ဒါကြောင့် မထည့်သင့်တာတွေကို ထည့်ထားမိရင်လည်း ဖယ်ထုတ်လို့ရအောင် ရေချိုးခန်းထဲမှာမထားသင့်တဲ့ ပစ္စည်းတွေကို ပြောပြပေးလိုက်ပါတယ်။
လျှော်စရာတွေထည့်ထားတဲ့အဝတ်ခြင်း
လျှော်စရာအဝတ်တွေထည့်ထားတဲ့ အဝတ်ခြင်းကို လေဝင်ပေါက်သိပ်မရှိတဲ့ ရေချိုးခန်းထဲမှာ ထားမယ်ဆိုရင် လှောင်ပြီးအနံ့တွေနံတာ၊ ရေတွေစိုပြီး အဝတ်အစားတွေ ထိခိုက်ပျက်စီးတာမျိုး ဖြစ်တတ်လို့ မထားသင့်ပါဘူး။
Towel
ရေချိုးခန်းထဲမှာ Towel တွေကိုချိတ်ထားတာက ဘတ်တီးရီးယားတွေ ကပ်စေပါတယ်။ ဒါ့အပြင် ရေတွေစိုထိုင်းထိုင်းနဲ့ အနံ့နံတာ skin allergic ဖြစ်တာမျိုးတွေလည်း ဖြစ်နိုင်တဲ့အတွက် မထားသင့်ပါဘူး။
အပင်အိုးများ
ရေချိုးခန်းထဲမှာ အလှဆင်ပြီး အပင်အိုးတွေထားတာက မျက်စိရှုပ်စေပါတယ်။ ဒါ့အပြင် အပင်က လိုအပ်တဲ့ နေရောင်ခြည်နဲ့ လေဓာတ်ကိုမရတဲ့အတွက် အဆင်မပြေပါဘူး။
လက်သည်းလုပ်တဲ့ပစ္စည်းများ
လက်သည်းညှပ်၊ တံစဉ်း စတဲ့ လက်သည်းလုပ်တဲ့ပစ္စည်းတွေကို ရေချိုးခန်းထဲထားရင် ဘယ်လောက်ပဲသေချာထားထား ရေစင်တာ၊ ရေငွေ့ပြန်တာတွေဖြစ်လို့ ခဏလေးနဲ့ သံဂျေးတက်ပါတယ်။
လျှပ်စစ်နဲ့ဆိုင်တဲ့ပစ္စည်းများ
ဥပမာ – hair dryer ကို ရေချိုးခန်းထဲ မထားသင့်ပါဘူး။ အဲ့လိုပဲ လျှပ်စစ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ရေချိုးခန်းထဲထားတာက အန္တရာယ်များပါတယ်။ ပစ္စည်းကို ရေစင်တာ၊ ရေငွေ့ရိုက်ပြီး ရေဝင်နေတာမျိုးတွေ ဖြစ်တတ်လို့ ပလပ်ထိုးလိုက်တဲ့အခါမှာ အရမ်းအန္တရာယ်များပါတယ်။
သင်တုန်းဓား
Shaving လုပ်တဲ့ razors သင်တုန်းဓားကို တော်တော်များများက ရေချိုးခန်းထဲမှာပဲ ထားလေ့ရှိကြပါတယ်။ ရေချိုးခန်းထဲထားရင် ခဏလေးနဲ့ သံဂျေးတက်ပြီး ဘတ်တီးရီးယားတွေလည်း ကပ်စေပါတယ်။
Waxing လုပ်တဲ့အခါမှာသုံးတဲ့စက္ကူ
Waxing လုပ်တဲ့အခါမှာ သုံးတဲ့စက္ကူတွေက ရေထိရင် ပျက်စီးကုန်ပါတယ်။ ကပ်လိုက်ရင် သေချာမကပ်တော့တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီစက္ကူတွေကို ရေချိုးခန်းထဲမှာ လုံးဝမထားသင့်ပါဘူး။
Source:www.brightside.me