Toxic relationship မျိုးမဖြစ်ဖို့ဆိုတာက နှစ်ယောက်လုံးနဲ့လည်း သက်ဆိုင်ပါတယ်။ Toxic relationship ဖြစ်လာရင် ပျော်စရာမကောင်းတော့ပဲ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် toxic relationship မျိုးမဖြစ်အောင် စုံတွဲတိုင်းမှာရှိသင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

သစ္စာရှိမှု

Relationship တစ်ခုမှာ သစ္စာရှိဖို့ကတော့ ပထမဆုံးနဲ့ အရေးအကြီးအရာတစ်ခုပါပဲ။ သစ္စာရှိမှလည်း ကျန်တာတွေ အဆင်ပြေမှာပါ။ ဘယ်လောက်ပဲ အဆင်ပြေပြီး ပျော်ရွှင်နေပါစေ၊ သစ္စာမရှိရင်တော့ ဒါတွေအကုန်လုံး ပျက်စီးသွားမှာပါပဲ။

ယုံကြည်မှု

Relationship တစ်ခုမှ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင် ခဏခဏရန်ဖြစ်စကားများမှာပါပဲ။ ယုံကြည်မှုမရှိပဲ သံသယများတဲ့သူအတွက်ကလည်း အမြဲပူလောင်နေမယ်။ ယုံကြည်မှုမခံရတဲ့ တစ်ဖက်လူအတွက်ကလည်း ကြာရင် စော်ကားခံရသလိုဖြစ်လာမယ်။ ပေါက်ကွဲလာပါမယ်။

နားလည်မှု

ယုံကြည်မှုလိုပဲ နားလည်မှုကလည်း အရမ်းအရေးကြီးပါတယ်။ ဘယ်လောက်ချစ်ချစ် နားလည်မှုမရှိရင် ရေရှည်မှာ အဆင်မပြေပါဘူး။ အမြဲတမ်းစကားများရန်ဖြစ်ပြီး ပျော်စရာတွေ ပျောက်ဆုံးကာ toxic ဖြစ်လာပါလိမ့်မယ်။

လွတ်လပ်ခွင့်

ရည်းစားဖြစ်သွားတာနဲ့ ဒီလူငါပိုင်တာပဲဆိုပြီး ချုပ်ချယ်ချင်တိုင်းချုပ်ချယ်လို့ မရပါဘူး။ လွတ်လပ်ခွင့်ပေးဖို့ လိုပါတယ်။ ကိုယ့်ကိုလည်း အချိန်ပေးထားပြီးပြီဆိုရင် သူ့အတွက်လည်း သူစိတ်ပျော်ရွှင်တဲ့အရာလုပ်ဖို့၊ တစ်ယောက်ထဲနေဖို့ လွတ်လပ်ခွင့်ပေးရပါမယ်။

Respect

Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် Respect မရှိရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်။ စကားအပြောအဆိုဆင်ခြင်ဖို့၊ နားလည်မှုရှိပြီး Respect ထားတတ်ဖို့လည်း လိုပါတယ်။