အသားအရေ လျော့တွဲကျတာတွေက အထူးသဖြင့် မျက်နှာ၊ လည်ပင်းနဲ့ လက်မောင်း အသားအရေတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အသားအရေ လျော့တွဲကျရင် အိုမင်းရင့်ရော်တာ ပိုသိသာစေပါတယ်။ ဒါကြောင့် အသားအရေလျော့တွဲကျတာ ပြန်လည်တင်းရင်းလာစေဖို့အတွက် ပုံမှန်လုပ်ပေးသင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Massage လုပ်ပေးပါ

အသားအရေလျော့တွဲနေတဲ့ နေရာကို ပုံမှန် massage လုပ်နှိပ်နယ်ပေးပါ။ သွေးစီးဆင်းမှု ပိုကောင်းစေပြီး collagen ထုတ်လုပ်နိုင်မှု ပိုကောင်းလာတယ်၊ အသားအရေ တင်းရင်းလာစေတယ်၊ အရေးအကြောင်းတွေလည်း လျော့ပါးလာစေပါတယ်။ စက်ဝိုးပုံစံရွေ့လျားပြီး ဖြေးဖြေးချင်းစီ နှိပ်ပေးရမှာပါ။ စတ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်တော့ လုပ်ပေးပါ။

Supplements သောက်ပါ

အသားအရေက သိသိသာသာ လျော့တွဲကျတာမျိုးတွေ ဖြစ်နေရင် supplement တစ်ခုခုကို သောက်ပေးပါ။ အသားအရေတင်းရင်းလာစေပြီး အသားအရေလည်း ပိုကောင်းလာစေမယ့် supplement, collagen စတာတွေကို သောက်တာတော့ အကောင်းဆုံးပါ။

လေ့ကျင့်ခန်းလုပ်ပါ

လက်မောင်းအသားအရေ လျော့တွဲကျတာဆိုရင်တော့ လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပါ။ လပိုင်းအတွင်းမှာပဲ သိသိသာသာကို အသားအရေ ပြန်လည်တင်းရင်းပြီး ကျစ်လစ်လာပါလိမ့်မယ်။

Hydrated

အသားအရေ တင်းရင်းစေဖို့အတွက် ခန္ဓာကိုယ်က hydrated ပြည့်ဝနေဖို့လိုပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ Skincare သေချာလိမ်းပါ။ အသားခြောက်ရင် အသားအရေလျော့တွဲတာက ပိုသိသာလာစေပါတယ်။

ရှားစောင်းလက်ပတ်

အသားအရေလျော့တွဲကျနေရာကနေ ပြန်လည်တင်းရင်းလာစေဖို့အတွက် သဘာဝနည်းလမ်းဖြစ်တဲ့ ရှားစောင်းလက်ပတ်နဲ့လည်း လုပ်လို့ရပါတယ်။ ရှားစောင်းလက်ပတ်အပင်က အတွင်းသားဂျယ်လ်ကိုယူပြီး အသားအရေလျော့တွဲနေတဲ့ နေရာကို တိုက်ရိုက်ပွတ်ပေးရမှာပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီးမှ ရေပြန်ဆေးချပါ။

ရေကူးပါ

ရေပုံမှန်ကူးပေးခြင်းက အထူးသဖြင့် လက်မောင်းအသားအရေ တွဲကျနေတာကို ပြန်လည်တင်းရင်းပြီး ကျစ်လစ်လာစေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါလောက်ပဲဖြစ်ဖြစ် ရေပုံမှန်ကူးပေးပါ။