လူတွေက တစ်ခါတစ်လေကျရင် အကြောင်းအမျိုးမျိုးကြောင့် လုံးဝသည်းမခံနိုင်တော့တဲ့အခါမှာ ပေါက်ကွဲတတ်ကြတာပါပဲ။ ဒီလိုပေါက်ကွဲလိုက်ရင် အမှားတွေဖြစ်လာတာ များပါတယ်။ ဒါကြောင့် ကိုယ့်ခံစားချက်တွေကို မထိန်းနိုင်ပဲ ပေါက်ကွဲချင်လာတဲ့အခါမှာ စိတ်ပြန်တည်ငြိမ်သွားအောင် ဒီအရာတွေကို လုပ်ကြည့်ပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်တာမျိုး၊ ပြေးတာ၊ ကြိုးခုန်တာမျိုး၊ ရေကူးတာမျိုးတွေ လုပ်ပေးခြင်းက စိတ်ခံစားချက်တွေကို ပြန်လည်ထိန်းချုပ်နိုင်ပြီး စိတ်ပေါ့ပါးသွားစေပါတယ်။ ဒါကြောင့် ပေါက်ကွဲချင်တဲ့စိတ်တွေလည်း လျော့ကျသွားပါတယ်။

ယောဂကျင့်ပါ

ခံစားချက်တွေမထိန်းနိုင်ပဲ ခဏခဏပေါက်ကွဲတတ်တဲ့သူတွေက ယောဂကျင့်သင့်ပါတယ်။ ယောဂကျင့်တာက စိတ်တည်ငြိမ်စေပြီး ခံစားချက်တွေကို ထိန်းချုပ်ပေးနိုင်တယ်၊ စိတ်ရောကိုယ်ပါ ပေါ့ပါးစေတယ်၊ stress တွေလည်း လျော့ကျစေပါတယ်။

တရားထိုင်ပါ

ခံစားချက်တွေ မထိန်းနိုင်တော့ပဲ ပေါက်ကွဲချင်လာတဲ့အခါမှာ တရားထိုင်လိုက်ပါ။ စိတ်ကိုလျှော့ချပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ အချိန်ကြာကြာလေး တရားထိုင်လိုက်ပါ။ စိတ်ပေါ့ပါးပြီး တည်ငြိမ်သွားပါလိမ့်မယ်။

သီချင်းနားထောင်ပါ

ပေါက်ကွဲချင်လာတဲ့အခါ၊ နားကျပ်တပ်ပြီး မျက်လုံးမှိတ်ကာ ငြိမ်ငြိမ်လေး သီချင်းနားထောင်နေလိုက်ပါ။ အသက်ရှူလေ့ကျင့်ခန်းလေးလည်း လုပ်ရင်းနဲ့ နားထောင်ရင်တော့ ပိုကောင်းပါတယ်။ စိတ်ခံစားချက်တွေကို ပြန်လည်ထိန်းချုပ်နိုင်မှာပါ။

သွေးမပူပါနဲ့

ခံစားချက်တွေမထိန်းနိုင်ပဲ ပေါက်ကွဲချင်နေတဲ့အခါမှာ သွေးပူနေရင် ပိုဆိုးပါတယ်။ ထိန်းချုပ်လို့ကို မရတော့ပါဘူး။ အမှားတွေပါလာတော့မှာပါ။ ဒါကြောင့် သွေးမပူပဲ ခေါင်းအေးအေးထားပြီး စိတ်ကိုအတတ်နိုင်ဆုံး လျှော့ချလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။