အချိန်တိုအတွင်းမှာ အသားအရေပိုကောင်းလာစေဖို့အတွက် ပုံမှန်လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အသားအရေမတူတဲ့အတွက် သိသာတဲ့ပြောင်းလဲမှု result ကတော့ ကွာခြားမှုရှိပါလိမ့်မယ်။

Morning Skincare

Morning skincare အနေနဲ့ အများကြီးလိမ်းစရာမလိုပါဘူး။ မျက်နှာသစ် toner လိမ်းပြီး moisturizer လိမ်း၊ sunscreen လိမ်းလိုက်ရင် ရပါပြီ။ အဓိကကတော့ sunscreen ကို မဖြစ်မနေလိမ်းပေးပါ။ ဒီအဆင့်တွေကို သေချာလုပ်ပေးဖို့ပဲ လိုပါတယ်။

Night Skincare

Night skincare အနေနဲ့ကတော့ makeup remover နဲ့ မျက်နှာကိုသန့်စင်၊ makeup တွေဖျက်ပြီးမှ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။ Makeup လိမ်းထားသည်ဖြစ်စေ၊ မလိမ်းထားသည်ဖြစ်စေ double cleansing အနေနဲ့ makeup remover သုံးပေးဖို့လိုပါတယ်။ ပြီးမှသာ toner, serum, moisturizer လိမ်းပေးပါ။

တစ်ပတ်မှာပုံမှန်လုပ်ပေးရမယ့်အရာများ

တစ်ပတ်တစ်ခါအနေနဲ့ ပုံမှန်လုပ်ပေးရမှာတွေကတော့ exfoliate လုပ်၊ မျက်နှာပေါင်းတင်၊ mask သုံးတာပါပဲ။ ဒါမှလည်း dead skin cells တွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လာမယ်။ ကိုယ်လိမ်းမယ့် skincare တွေကို ကောင်းကောင်းစုပ်ယူနိုင်ပြီး effect ထိရောက်ပါမယ်။

တစ်ပတ်မှာ ၂ ကြိမ် sheet mask ကပ်ပေးပါ။ အသားအရေ သိသိသာသာစိုပြည်ပြီး ကောင်းလာပါလိမ့်မယ်။ ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ခါ ပုံမှန်လဲပေးပြီး မျက်နှာသုတ်ပုဝါကို နှစ်ပတ်တစ်ခါ ပုံမှန်လျှော်ပေးပါ။ ခေါင်းအုံးစွပ်နဲ့ မျက်နှာသုတ်ပုဝါက မသန့်ရှင်းရင် ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာပါလိမ့်မယ်။

တစ်လတစ်ခါပုံမှန်လုပ်ပေးရမယ့်အရာများ

တစ်လတစ်ခါ facial spa လုပ်ပေးပြီး treatment ယူပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ Makeup bruch လေးတွေကိုလည်း တစ်လတစ်ခါသန့်စင်ပေးပါ။ Makeup brush မသန့်ရင် မျက်နှာမှာ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

နေ့တိုင်းအမြဲလုပ်ပေးရမယ့်အရာများ

အသားအရေလှဖို့အတွက် နေ့တိုင်းအမြဲပြုလုပ်ပေးရမယ့် အရာတွေကတော့ ရေများများသောက်ပြီး အိပ်ရေးဝဝအိပ်ဖို့ပါပဲ။ အိပ်ရေးမဝရင် အသားအရေညစ်ပြီး အရေးအကြောင်းတွေ ဖြစ်လာပါလိမ့်မယ်။ ရေသောက်နည်းရင်တော့ အသားအရေ မွဲခြောက်လာပါလိမ့်မယ်။ အသီးအရွက်နဲ့ အသီးအနှံတွေကိုလည်း များများစားပေးပါ။

Body Skincare

Body skincare အတွက်ကတော့ နေ့တိုင်း မနက်၊ ည lotion ပုံမှန်လိမ်းပါ။ မနက်ပိုင်းဆိုရင် sunscreen ပါလိမ်းပေးပါ။ တစ်ပတ်တစ်ခါ scrub ပုံမှန်လုပ်ပါ။ ဒီလောက်ဆို လုံလောက်ပါပြီ။