အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင် ဆင်ခြင်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ ဘယ်အချိန်ကြည့်ကြည့် နုပျိုပြီးလှပနေမှာပေါ့။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက အသားအရေပျက်စီးစေပြီး အရေးအကြောင်းတွေ၊ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်ဖြစ်စေသလို နှုတ်ခမ်းလည်း မဲစေပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်တာ အကောင်းဆုံးပါပဲ။

ရေသောက်မပျင်းပါနဲ့

အသားအရေလှဖို့၊ အသားအရေကောင်းဖို့ဆိုရင် ရေဓာတ်လုံလောက်စွာ သောက်သုံးဖို့ လိုပါတယ်။ ရေဓာတ်မလုံလောက်ရင် အသားအရေက ညစ်နွမ်းပြီး အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာမယ်၊ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်ဖြစ်လာပါမယ်။

အိပ်ရေးမပျက်ပါစေနဲ့

အိပ်ချိန်မလုံလောက်ပဲ အိပ်ရေးပျက်တာ၊ အိပ်စက်ချိန်မမှန်တာတွေကလည်း အသားအရေကို ထိခိုက်စေပါတယ်။ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာစေပါတယ်။ အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။

Skincare သေချာလိမ်းပါ

Skincare သေချာလုပ်ဖို့ မပျင်းပါနဲ့။ Skincare လုပ်မှ အသားအရေကောင်းမှာပါ။ အထူးသဖြင့် အသက် ၂၅ နှစ်ကျော်လာတဲ့အခါမှာ Anti-aging Skincare တွေကို စသုံးကြည့်ပါ။ ဒါမှ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ မြန်မြန်မဖြစ်မှာပါ။

Exfoliate ခဏခဏမလုပ်ပါနဲ့

Exfoliate ခဏခဏလုပ်ရင် အသားအရေခြောက်ပြီး ပျက်စီးစေပါတယ်။ အသားအရေက Sensitive ဖြစ်လာပြီး အရေးအကြောင်းတွေ မြန်မြန်ဖြစ်စေပါတယ်။

Makeup လျှော့လိမ်းပါ

Makeup အမြဲလိမ်းတဲ့အခါ အသားအရေပျက်စီးစေပါတယ်။ Makeup ဆွဲရတာတွေဆို ပိုဆိုးပါတယ်။ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာစေပါတယ်။