တချို့တွေက ကိုယ့်ကိုတကယ်ချစ်လို့ သည်းခံခွင့်လွှတ်ပြီးနေတဲ့ မိန်းကလေးဆိုရင် တန်ဖိုးမထားတတ်ကြပါဘူး။ ဝေးသွားမှသာ နောင်တရတတ်ကြတာမျိုးပေါ့။ တကယ်တော့ မိန်းကလေးတွေက သူတို့တကယ်ချစ်တဲ့သူကိုမှ ဒီအရာတွေကို လုပ်ပေးတာပါ။

တကယ်ချစ်တဲ့ မိန်းကလေးတွေက အစစအရာရာ အမေတစ်ယောက်လို ဂရုစိုက်ပေးပါတယ်။ တောင်းဆိုစရာ၊ ပြောစရာမလိုပဲနဲ့ကို သူ့သဘောနဲ့သူ လိုလိုလားလား သင့်အတွက်ဆို လုပ်ပေးတာမျိုးပါ။

သင်ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ပဲ စိတ်ဆိုးအောင်လုပ်လုပ်၊ စိတ်ဆိုးစိတ်ကောက်ပြီးရင် ပြန်လျှော့ပေးတာပါပဲ။ အတတ်နိုင်ဆုံး အရမ်းသည်းခံပေးတယ်။ ကြင်နာပေးပါတယ်။

မိန်းကလေးတွက တကယ်ချစ်တဲ့အခါ သင်အမှားလုပ်သမျှကိုလည်း အကြိမ်ကြိမ်ခွင့်လွှတ်ပေးပါတယ်။ တကယ်မချစ်ပဲနဲ့တော့ ဘယ်သူ့မှ အကြိမ်ကြိမ်ခွင့်လွှတ်မပေးပါဘူး။

သင့်ရဲ့အရာရာကို လိုက်ဂရုစိုက်ပြီး မကောင်းတာတွေလုပ်ရင်လည်း လုပ်ခွင့်မပြုပါဘူး။ အမုန်းခံပြီး လိုက်ပြောပါတယ်။ သင့်ကို ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာအောင်၊ ဒီထက်ပိုတိုးတက်လာအောင်၊ သင်လုပ်ချင်တာတွေကိုလည်း အစစအရာရာ အမြဲတမ်း supporting ပေးပါတယ်။

တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်က သင်ရှုံးနိမ့်သွားရင်တောင် ထားမသွားပဲ ကောင်းကောင်း၊ ဆိုးဆိုး သင့်အနားမှာပဲ အမြဲရှိနေပါလိမ့်မယ်။ သင်နဲ့တူတူကြိုးစားပေးမှာပါ။

သူမရဲ့မိဘတွေ၊ သူငယ်ချင်းတွေ အကုန်လုံးနဲ့လည်း သင့်ကိုမိတ်ဆက်ပေးပါလိမ့်မယ်။ သင့်အချစ်ဆုံးသူတွေ၊ သင်တန်ဖိုးထားတဲ့သူတွေနဲ့လည်း ရင်းနှီးအောင်၊ အဆင်ပြေအောင် နေပေးပါလိမ့်မယ်။

ဒီလိုအချက်တွေ တော်တော်များများနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ သင့်ကောင်မလေးက သင့်ကိုအမှန်တကယ် အရမ်းချစ်တဲ့သူတစ်ယောက်၊ သင့်အပေါ် အရမ်းကောင်းတဲ့သူတစ်ယောက်ဆိုတာ သေချာပါတယ်။ ဒီလိုလူမျိုးကို ကိုယ့်ဘက်ကလည်း ပိုပြီးတန်ဖိုးထား ချစ်ခင်ပေးသင့်ပါတယ်။